အရေးတော် ပုံ အောင်ဖို့ အတွက် အပျော်သင်္ကြန် မဟုတ်တဲ့ တော်လှန် သင်္ကြန် မှာ ပြည်သူတွေ နဲ့ အတူ ပါဝင်ခဲ့တဲ့ ဘုန်းဆက်သွင်

Posted on

ပရိသတ်ကြီးရေ.. ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးရင်း ပရိသတ်တွေ ရဲ့ အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်..။

ဘုန်းဆက်သွင်ကတော့ လတ်တလော ကာလတွေမှာ အနုပညာအလုပ်တွေအားလုံး ရပ်နားထားရပေမယ့်လည်း တော်လှန်ရေးတိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ ပြုလုပ်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေ ကိုလည်း တတ်နိုင်သလောက် ပြုလုပ်နေတဲ့ ဘုန်းဆက်သွင်ကတော့ ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ အတာအိုးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ဆင်နွဲှခဲ့တာလည်း တွေ့ရပါတယ်..။

အရေးတော်ပုံအောင်ဖို့အတွက် အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန် သင်္ကြန်မှာ ပြည်သူတွေ နဲ့ အတူပါဝင်ခဲ့တာဖြစ်ပြီး လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဘုန်းဆက်သွင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။

“ယနေ့အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန် သင်္ကြန်

ရဲရဲ နီစွေး အတာ အိုးတော်လှန်ရေး

Day 72

အရေးတော်ပုံ အောင်ရမည်..” ဆိုပြီး လှုပ်ရှားမှု ပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

သွေးမအေးသွားဘဲ လှုပ်ရှားမှုတွေဆက်တိုက် ပြုလုပ်နေတဲ့ ဘုန်းဆက်သွင် တို့လူငယ်တစ်စုရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေက ချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Phone Sett Thwin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *