သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက သဘာဝ မင်းသမီး လို့တောင် သတ်မှတ်ထားကြတာပါ။ လူတိုင်းအပေါ်မှာလည်း အမြဲကူညီတတ်တဲ့ စိတ်ထားလေးကြောင့် အားလုံးကချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေ မှာလည်း ကျရာအခန်းကဏ္ဍကနေ ပြည်သူတွေနဲ့အတူ ပူးပေါင်း ပါဝင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှု အတွက် ပါဝင်ဆောင်ရွက်ပေးနေဆဲပဲ ဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာများကနေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ကျောင်းသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် speak out လုပ်ပေး နေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်လည်း သူမရဲ့ Facebook အကောင့်တွင် အရေးတော်ပုံ အောင်သွားတဲ့အခါ အလုပ်တွေကြိုးစားပြီး တိုင်းရင်းသား တွေနေထိုင်ရာဒေသတွေဆီသွားကာ လိုအပ်တာတွေ လှူဒါန်းသွားမယ့်အကြောင်း ရေးသား ထားတာပဲ ဖြစ်ပါတယ်။
” အရေးတော်ပုံအောင်မြင်ပြီးသွားရင်…. အလုပ်ကြိုးစားပြီး ပိုက်ဆံ စုမယ်…(ပိုက်ဆံ ကတော့ အရင်စုရဦးမယ် ကိုဗစ်နဲ့မအလပေါင်းပြီး နှိပ်စက်တာသနားစရာဘဏ် စာရင်းလေးဖြစ်နေပြီ) ပြီးရင် ကျေးဇူးရှင်တိုင်းရင်းသားဒေသတွေဆီကို သွားမယ်…. သူတို့ဒေသမှာလိုအပ်နေတဲ့နေရာတွေကိုလိုက်လှူမယ်…. အရင်တုန်းက မသိနားမလည်ခဲ့မိတာတွေအတွက်တောင်းပန်မယ်…. #အရေးတော်ပုံအောင်ရမည် ” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။
Photo Crd-Paing Phyoe Thu’s Facebook Account
zawgyi
သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုကေတာ့ ပီျပင္လွတဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြက သဘာဝ မင္းသမီး လို႔ေတာင္ သတ္မွတ္ထားၾကတာပါ။ လူတိုင္းအေပၚမွာလည္း အၿမဲကူညီတတ္တဲ့ စိတ္ထားေလးေၾကာင့္ အားလုံးကခ်စ္ခင္ေနၾကတာလည္း ျဖစ္ပါတယ္။ လတ္တေလာျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈေတြ မွာလည္း က်ရာအခန္းက႑ကေန ျပည္သူေတြနဲ႔အတူ ပူးေပါင္း ပါဝင္ေနတာလည္း ျဖစ္ပါတယ္။
လက္ရွိမွာ အေျခအေနအရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္လည္း တတ္ႏိုင္တဲ့ဘက္ကေန လူထုလႈပ္ရွားမႈ အတြက္ ပါဝင္ေဆာင္႐ြက္ေပးေနဆဲပဲ ျဖစ္ပါတယ္။ လူမႈကြန္ယက္စာမ်က္ႏွာမ်ားကေနလည္း ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသား၊ေက်ာင္းသူမ်ားကို အျမန္ဆုံး ျပန္လႊတ္ေပးရန္ speak out လုပ္ေပး ေနတာပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္လည္း သူမရဲ႕ Facebook အေကာင့္တြင္ အေရးေတာ္ပုံ ေအာင္သြားတဲ့အခါ အလုပ္ေတြႀကိဳးစားၿပီး တိုင္းရင္းသား ေတြေနထိုင္ရာေဒသေတြဆီသြားကာ လိုအပ္တာေတြ လႉဒါန္းသြားမယ့္အေၾကာင္း ေရးသား ထားတာပဲ ျဖစ္ပါတယ္။
” အေရးေတာ္ပုံေအာင္ျမင္ၿပီးသြားရင္…. အလုပ္ႀကိဳးစားၿပီး ပိုက္ဆံ စုမယ္…(ပိုက္ဆံ ကေတာ့ အရင္စုရဦးမယ္ ကိုဗစ္နဲ႔မအလေပါင္းၿပီး ႏွိပ္စက္တာသနားစရာဘဏ္ စာရင္းေလးျဖစ္ေနၿပီ) ၿပီးရင္ ေက်းဇူးရွင္တိုင္းရင္းသားေဒသေတြဆီကို သြားမယ္…. သူတို႔ေဒသမွာလိုအပ္ေနတဲ့ေနရာေတြကိုလိုက္လႉမယ္…. အရင္တုန္းက မသိနားမလည္ခဲ့မိတာေတြအတြက္ေတာင္းပန္မယ္…. #အေရးေတာ္ပုံေအာင္ရမည္ ” ဆိုၿပီး ေရးသား ထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ ကူးယူ တင္ဆက္ေပးလိုက္ရပါတယ္ေနာ္။
Photo Crd-Paing Phyoe Thu’s Facebook Account