အရမ်းမြင့်မားတဲ့ တောင်တန်းကြီးကိုကြိုးစားပမ်းစားတက်ယူပြီးနောက် တောင်ထိပ် ကိုရောက်ရှိလာလို့ ပျော်ရွှင်နေတဲ့မအေးသောင်း

Posted on

ပရိသတ်ကြီးရေ….မင်းသမီးချောလေး မအေးသောင်းကတော့ တစ်ခတ်တခါကတည်းက အောင်မြင်မှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။သူမဟာ ပြည့်တင်းလှပတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါ့ပြင်မအေးသောင်းဟာ အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေရော ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေတာပါ။

တစ်နေ့တစ်ခြားအလှတွေတိုးတိုးလာတဲ့ မအေးသောင်းဟာ အရွယ်နဲ့မလိုက်အောင်ကိုနုပျိုလှပပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ မအေးသောင်းဟာ လေ့ကျင့်ခန်းတွေလည်းကြိုးစားလုပ်တာလည်းဖြစ်သလို သူမရဲ့ဘော်ဒီဟာလည်း ကျစ်လျစ်တောင့်တင်းပြီး အမိုက်စားလေးလည်း ဖြစ်ပါတယ်နော်…..။

မအေးသောင်းဟာ အခုဆိုရင်လည်း သဘာ၀ရှုခင်းအလှတရားတွေကို ခုံမင်နှစ်သက်သူလည်းဖြစ်ပြီးတော့ အခုဆိုရင်လည်း တောင်တန်းတွေရဲ့ အလှအပတွေကိုခံစားရင်း တောင်တက်ခဲ့တဲ့ အမိုက်စားပုံတွေကို သူမရဲ့ Facebookစာမျက်နှာမှာ “Happy Independence Day လွတ်လပ်ရေးနေ့ တဲ့ ဗိုလ်ချုပ်မိန့်ခွန်းထဲကလိုပဲ လွတ်လပ်ရေးဆိုတဲ့ ခေါင်းစဉ်နောက်မှာစည်းတွေဘောင်တွေ တာဝန်ယူမှုတွေ မရှိရင်တော့ ပျက်စီသွားတတ်တယ် တဲ့။တာဝန်ယူတတ်ဖို့အမြဲကြိုးစားနေပါတယ်” ဆိုပြီးရေးသားကာ တင်ပေးခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Aye Thaung’s Facebook acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *