သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်သလို သီချင်းဆို တဲ့နေရာမှာလည်း ထူးချွန်လွန်းတဲ့ နန်းဆုရတီစိုး ကတော့ အနုပညာ လောကရဲ့ ပရိသတ် အချစ်ဆုံး မင်းသမီး၊ အဆိုတော်တစ်ယောက်ပါပဲ။ နန်းဆုရတီစိုးကတော့ အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ အနုပညာအလုပ်တွေကိုသာ အားသွန်ခွန်စိုက်နဲ့ လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း နန်းဆုရတီစိုးက မလျော့သွားတဲ့အချစ်တွေနဲ့ ဆယ်စုနှစ်ကျော်တိုင် အားပေးခဲ့ကြတာ ဒီနေ့ဒီ အချိန်ထိပဲ ဖြစ်ပါတယ်။
ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ ခံစားမှုရသတွေကို ချပြပေးနေတဲ့ နန်းဆုရတီစိုးက မကြာခင်ရက်ပိုင် းအတွင်းမှာလည်း သူမရဲ့ သီချင်းသစ် တစ်ပုဒ်ကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းဆုရတီစိုးက သူမရဲ့ ခရစ္စမတ်ည သီချင်း MV ရိုက်ကွင်းပေါ်က ပုံရိပ်တွေကိုချပြရင်း “နန်းဆုရဲ့ ခရစ္စမတ်ညသီချင်း MV ထဲက ပုံလေးတွေပါ။ ကောင်းမြတ်စံ နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ မကြာခင်ထွက်ရှိလာတော့မှာပါနော်။ ဒါကြောင့် နန်းဆုရဲ့ official page လေးကို seefirst like & follow လုပ်ပြီးစောင့်ကြည့်အားပေးကြဦးနော်🥰 coming soon on my official facebook page & YouTube channel” ဆိုပြီး သတင်းကောင်းလေး ပါးလာ ပါတယ်။
ကောင်းမြတ်စံနဲ့ နန်းဆုရတီစိုးတို့ကတော့ ကိုရီးယားဒရမ်မာကားထဲက မင်းသားနဲ့ မင်းသမီးလို လိုက်ဖက်ညီလွန်းနေတာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေတောင် ဒီလောက်ကြည့်ကောင်းနေရင် MV မှာရော ဘယ်လိုမျိုးသရုပ်ဆောင်ထားကြလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Nansu Yati Soe ‘s fb
Credit – Cele Connections
zawgyi