အရင်လို မောင်နှမစုံစုံ လင်လင် နဲ့ မိဘနှစ်ပါးကို ကန်တော့ ခွင့်မရတဲ့အတွက် ဝမ်းနည်း မိကြောင်း ရင်ဖွင့် လာတဲ့ ပိုင် တံခွန်ရဲ့အစ်မ

Posted on

သရုပ်ဆောင် ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လူငယ်ပီပီ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပူးပေါင်းပါဝင်ခဲ့တဲ့ ပိုင်တံခွန်ရဲ့ စိတ်ထားကိုတော့ ပရိသတ်တွေက လေးစား ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ သူ့ကိုတော့ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုပြီး နောက်ရက်မှာဘဲ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ အနုပညာ ရှင် ညီအစ်ကိုမောင်နှမ များက ပိုင်တံခွန်အမြန်ဆုံး လွတ်မြောက်ရန် သူတို့ရဲ့ လူမှုကွန်ယက်များတွင် Speak Out လုပ်ပေးနေကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ မိခင်ကလည်း သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေတာပါ။ မကြာ သေးခင် နာရီပိုင်းလောက်ကလည်း ပိုင်တံခွန် ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အရင်လို မောင်နှမစုံစုံလင်လင်နဲ့ မိဘနှစ်ပါးကို မကန်တော့ရတဲ့အတွက် ဝမ်းနည်းမိကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

သူမကလည်း ” မနေ့က အမေ့အိမ်ကိုသွားတော့ ပိန်သွားတဲ့ အမေ့ ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ အရင်လိုမောင်နှမစုံစုံလင်လင်နဲ့ အမေနဲ့အဖေ့ကို မကန်တော့ရတော့ ဝမ်းနည်းချက်က ပြောမပြတတ်ဘူး။

ပိုင်…နင့်ကို အရမ်းသတိရတာပဲ။ အဆင်ရောပြေရဲ့လား?

နင်ရှိရင် ပျော်ရမှာ။ အိမ်ကလည်း ဆူညံနေမှာ။ အခုတော့ တိတ် ဆိတ်ပြီး ပူပင်သောက မျက်နှာတွေနဲ့။ တို့အမေလည်း နေမကောင်းဘူးဟ။

ကိုယ့်မောင်ကို စိတ်ပူတာက တစ်မျိုး၊ အမေ့ကို စိတ်ပူ ရတာက တစ်မျိုး နဲ့ အိပ်မရတဲ့ရက်တွေလည်း များခဲ့ပြီ။ စိတ်ရှုပ်စရာတွေ များလွန်းလို့ ကိုယ်ပါ မလဲကျသွားဖို့ အားတင်းထားရတယ်။ ဒီကာလဆိုးကနေ အမြန်ဆုံးလွတ်မြောက်ပါရစေတော့ဗျာ😔” ဆိုပြီး ဝမ်းနည်းစွာ နဲ့ ရေး သား ထားတာပါ။

Source and Photo Crd-May Chit Thway’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *