အရင်က နှိမ်မိပါတယ် နောက်ဆိုကျူးကျော် ဆိုပြီး မနှိမ်တော့ ပါဘူး ဘယ်တော့မှ (နှလုံးလှ လူမိုက်များကို ဂုဏ်ပြုပါတယ်)
Posted on
အခုအချိန်မှာ တကယ်ချီးကျူးတာ လှိုင်သာယာကျူးကျော်ထဲက အကိုတွေ ကိုပါ.ညီမ တို့လမ်းထိပ်မှာတပ်စွဲပြီး လမ်းထဲထိ ဝင်ပ စ်နေတဲ့အချိန် ညီမတို့လမ်းထဲက ဂုဏ်သရေမရှိတဲ့ လူကြီးမင်းတို့အိမ်တွေက တံခါးပိတ်ပြီးအခေါင်းထဲဝင်နေကြတဲ့အချိန်မှာ..ဟိုးဘက်အတွင်းထဲက ကျူးထဲက လူငယ် လူကြီးတွေ အပြုံလိုက် အစုလိုက်
တုတ် တွေ ဒါးတွေနဲ့ သူတို့လမ်းကိုကျော်ပြီး ကိုယ်တွေ လမ်းထိပ်ကိုကာကွယ်ပေးကြတယ်။ ကိုယ်ကတော့ လမ်းပေါ်ထွက်ပြီးဓာတ်ပုံရိုက်ရင်းကိုယ့်အကိုတွေကို ထွက်ကြည့်လုပ်တော့ ကျူးထဲကအကိုတစ်ယောက်က ညီမလေးအိမ်ထဲဝင်နေတဲ့ ယောကျ်ားလေးတွေပဲထွက်တိုက်မယ်တဲ့.
ကိုယ့်တောင်ပြန်ဟောက်သွားသေးတယ်။ရေဗူးတွေထွက်ပေးတော့လည်း အိမ်ထဲကပဲပေးပါတဲ့။ ခြံထဲကိုဝင်ပုန်းကြပါလို့ အော်ခေါ်တော့ လည်း…အိမ်ရှင်တွေဒုက္ခ ရောက်မှာဆိုး လို့ မဝင်ဘူးတဲ့ အပြင်မှာပဲဝပ်နေကြတယ်။တကယ်ပါ အရင်ကနှိမ်မိပါတယ်သူတို့မှာလည်း လူသား ဆန်တဲ့နှလုံးသားတွေကိုယ်စီရှိကြပါတယ်။ နောက်ဆိုကျူးကျော်ဆိုပြီးမနှိမ်တော့ပါဘူး ဘယ်တော့မှ14.3.2021…
crd
zawgyi
crd
Leave a Reply
Your email address will not be published. Required fields are marked *