သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ Facebook ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့နှစ်ဦးကို ဒီဇင်ဘာ ၃ရက်နေ့က အမှုဖွင့် ထားခဲ့ပေမယ့် ဒီဇင်ဘာ ၁၅ရက် ဒီနေ့အချိန်ထိ ဖမ်းမမိသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်း က စုံစမ်း သိရှိရပါတယ်။ ” ဖမ်းမမိသေးပါဘူး သူတို့လာအဖမ်းခံမယ်လို့တော့ သတင်းတော့ကြားတယ် ဒီတစ်ပတ်အတွင်း ဖမ်းမိမှာပါလို့” ဒုရဲအုပ် တစ်ဦးကပြောပါတယ် ။ ဒီဇင်ဘာ ၅ရက်နေ့က ရစ်ကန်ကျေးရွာ နယ်မြေခံ ရဲစခန်းက ရဲတပ်ဖွဲ့တွေက မြစ်သားမြို့နယ် အတွင်းက သူတို့နှစ်ဦးနေအိမ်ကို ဝင်ရောက် ဖမ်းဆီးခဲ့ပေမယ့် ဦးဇော်မင်းထိုက် နဲ့ Facebook ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။
Facebook ဆယ်လီ ခြိမ့်ကေကိုက “ကျွန်တော်က အိမ်မှာအငယ်ဆုံးလူပျိုလေး မိဘနှစ်ပါးကို ကိုယ်ရတဲ့အနုပညာကြေးလေးတွေနဲ့ ထောက်ပံနေတဲ့သားလိမ်မာလေးပါ ကျွန်တော်မုန်းတဲ့သူတွေရော ချစ်တဲ့သူတွေရောကျွန့်တော်အကုန်လုံးကိုညီအကိုမောင်နှမတွေလိုဘဲအရမ်းချစ်ပါတယ် ဒီအပြစ်အရမ်းကြီးမှန်း ကျွန်တော်သိပါတယ် ခွင့်လွှတ်မရမှန်လည်းကျွန်တော်သိပါတယ် ဒီတကြိမ်တခါတော့ ကျွန်တော်ကိုနာလည်ခွင့်လွတ်ပေးကြပါလို ကျွန်တော်အမေနဲ့အဖေနဲ့မခွဲနိုင်လိုပါ ကျွန်တော်လက်ဆယ်ဖြာထိပ်မှာမိုးပြီ ရှိခိုးဦးချတောင်ပန်းပါတယ် ကျွန်တော်ကိုခွင်လွတ်ကြပါနော်” လို့ သူရဲ့လူမှုကွန်ယက် စာမျက်နှာကတဆင့် ဒီဇင်ဘာ ၆ရက်က ရေးသားထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မင်းဝန်ကျေးရွာမှာ ဦးဇော်မင်းထိုက် ရဲ့သမီးဖြစ်သူရဲ့မွေးနေ့ပွဲကို လူဦးရေ ၅၀ ဖိတ်ကြား ကျင်းပခဲ့မှုနဲ့ ခြိမ့်ကေကို အနေနဲ့ပါဝင် ဖျော်ဖြေခဲ့မှု ကြောင့် လူဦးရေ ၅၀ ထက်ကျော်လွန်သွားတဲ့ အတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) နဲ့တရားစွဲ ခဲ့တာဖြစ်ပါတယ်။
#အိုင်းရစ် ရေးသားသည်။#(ပုံ – ခြိမ့်ကေကို Facebook)Galaxy News
zawgyi
သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မနဲ႔ တရားစြဲခံထားရတဲ့ Facebook ဆယ္လီ ၿခိမ့္ေကကို ႏွင့္ ေမြးေန႔ပြဲ ကိုလူစုလူေဝနဲ႔ဦးေဆာင္က်င္းပတဲ့ ဦးေဇာ္မင္းထိုက္တို႔ႏွစ္ဦးကို ဒီဇင္ဘာ ၃ရက္ေန႔က အမႈဖြင့္ ထားခဲ့ေပမယ့္ ဒီဇင္ဘာ ၁၅ရက္ ဒီေန႔အခ်ိန္ထိ ဖမ္းမမိေသးဘူးလို႔ မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ခ႐ိုင္ ျမစ္သားၿမိဳ႕နယ္ ရဲစခန္း က စုံစမ္း သိရွိရပါတယ္။ ” ဖမ္းမမိေသးပါဘူး သူတို႔လာအဖမ္းခံမယ္လို႔ေတာ့ သတင္းေတာ့ၾကားတယ္ ဒီတစ္ပတ္အတြင္း ဖမ္းမိမွာပါလို႔” ဒုရဲအုပ္ တစ္ဦးကေျပာပါတယ္ ။ ဒီဇင္ဘာ ၅ရက္ေန႔က ရစ္ကန္ေက်း႐ြာ နယ္ေျမခံ ရဲစခန္းက ရဲတပ္ဖြဲ႕ေတြက ျမစ္သားၿမိဳ႕နယ္ အတြင္းက သူတို႔ႏွစ္ဦးေနအိမ္ကို ဝင္ေရာက္ ဖမ္းဆီးခဲ့ေပမယ့္ ဦးေဇာ္မင္းထိုက္ နဲ႔ Facebook ဆယ္လီ ၿခိမ့္ေကကို တို႔ႏွစ္ဦးကို မေတြ႕ရွိခဲ့ဘူးလို႔သိရပါတယ္။
Facebook ဆယ္လီ ၿခိမ့္ေကကိုက “ကြၽန္ေတာ္က အိမ္မွာအငယ္ဆုံးလူပ်ိဳေလး မိဘႏွစ္ပါးကို ကိုယ္ရတဲ့အႏုပညာေၾကးေလးေတြနဲ႔ ေထာက္ပံေနတဲ့သားလိမ္မာေလးပါ ကြၽန္ေတာ္မုန္းတဲ့သူေတြေရာ ခ်စ္တဲ့သူေတြေရာကြၽန္႔ေတာ္အကုန္လုံးကိုညီအကိုေမာင္ႏွမေတြလိုဘဲအရမ္းခ်စ္ပါတယ္ ဒီအျပစ္အရမ္းႀကီးမွန္း ကြၽန္ေတာ္သိပါတယ္ ခြင့္လႊတ္မရမွန္လည္းကြၽန္ေတာ္သိပါတယ္ ဒီတႀကိမ္တခါေတာ့ ကြၽန္ေတာ္ကိုနာလည္ခြင့္လြတ္ေပးၾကပါလို ကြၽန္ေတာ္အေမနဲ႔အေဖနဲ႔မခြဲႏိုင္လိုပါ ကြၽန္ေတာ္လက္ဆယ္ျဖာထိပ္မွာမိုးၿပီ ရွိခိုးဦးခ်ေတာင္ပန္းပါတယ္ ကြၽန္ေတာ္ကိုခြင္လြတ္ၾကပါေနာ္” လို႔ သူရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာကတဆင့္ ဒီဇင္ဘာ ၆ရက္က ေရးသားထားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ခ႐ိုင္ ျမစ္သားၿမိဳ႕နယ္ မင္းဝန္ေက်း႐ြာမွာ ဦးေဇာ္မင္းထိုက္ ရဲ႕သမီးျဖစ္သူရဲ႕ေမြးေန႔ပြဲကို လူဦးေရ ၅၀ ဖိတ္ၾကား က်င္းပခဲ့မႈနဲ႔ ၿခိမ့္ေကကို အေနနဲ႔ပါဝင္ ေဖ်ာ္ေျဖခဲ့မႈ ေၾကာင့္ လူဦးေရ ၅၀ ထက္ေက်ာ္လြန္သြားတဲ့ အတြက္ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္ကာ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ / ၃၀ (က) နဲ႔တရားစြဲ ခဲ့တာျဖစ္ပါတယ္။
#အိုင္းရစ္ ေရးသားသည္။#(ပုံ – ၿခိမ့္ေကကို Facebook)Galaxy News