အမှန် တရား ကို ဈေးဆစ်နေ ကြပြီ ဆိုရင် စစ်ကျွန်ဘဝက လွတ် ဖို့ ခက်မယ် လို့ ဆောင်းဦးလှိုင် ပြောပြီ …

Posted on

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အခြေအနေများအပေါ် ပြည်ပရောက် မြန်မာနိုင်ငံသား လည်းဖြစ်၊ အဆိုတော် တဦးလည်းဖြစ် တဲ့ ဆောင်းဦးလှိုင်က လူအများဟာ မှန်ကန် ရဲရင့်ဖို့ လိုတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ အခုလိုပဲ ပြောခဲ့ပါတယ်။

“လူအများက မှန်ကန်ရဲရင့်ဖို့ လိုတယ်။ ကိုယ့်လူ မှားရင် မှားတယ် ပြောရဲရမယ်။ ကိုယ့်လူမှန်ရင် မှန်တယ် ပြောကြရမယ်။ မိစ္ဆာတွေက ဘယ် တော့ မှ မမှန်တာ အားလုံးသိတယ်။ မိစ္ဆာတွေထက် နည်းနည်း ပိုမှန်လို့ မမှားတမှားလေးမို့၊ မဆိုသလောက်လေး မှားတာ ပါတို့ ဆင်ခြေ မပေးကြပါနဲ့”လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

အမှားကိုဖုံးဖိ၊ အမှန်တရားကို ဈေးဆစ်နေကြပြီဆိုရင် စစ်ကျွန်ဘဝက လွတ် ဖို့ ခက်မယ်လို့ ဆောင်းဦးလှိုင်က ဆိုပါတယ်။

“မိမိ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ နည်းနည်း ဝေ့ဝိုက်နေတာ ပြဿနာ သိပ်မရှိပေမယ့် တိုင်းရေးပြည်ရေးမှာ ဝေ့လည်ကြောင်ပတ် လုပ် လို့ မရပါဘူး။ ဝေလေလေတွေ များနေလို့ မိစ္ဆာတွေ လူပါးဝရဲတာ။ တကယ် အားလုံးက ပြတ်သား ရဲရင့်ခဲ့ရင် မိစ္ဆာတွေ အာကျယ်ဖို့ အခွင့်အ ရေးတောင် ရခဲ့မှာ မဟုတ်ဘူး။ ကြောက်တတ် တာ လက်ခံတယ်။ အမှားကိုဖုံးဖိ၊ အမှန်တရားကို ဈေးဆစ်နေကြပြီဆိုရင် စစ်ကျွန်ဘဝက လွ တ်ဖို့ ခက်မယ်”လို့ ဆောင်းဦးလှိုင်က ပြော ပါတယ်။

ဆက်လက်ပြီး ဆောင်းဦးလှိုင်က တော်လှန်ရေးဆိုတာ အမှန်တရား အတွက် တိုက်ပွဲဝင်ကြတာလို့ ဆိုပါတယ်။“တကယ်တော့ တော်လှန်ရေး ဆို တာ အမှန်တရားအတွက် တိုက်ပွဲဝင်ကြတာပါ။ ဒါကြောင့်လည်း အသက်ပေးခဲ့ရသူတွေထဲမှာ လူငယ်တွေ များတယ်။ လူငယ်တွေ က ဖြူ စင်စွာ ရဲရင့်ကြတာကိုး။ လူငယ်တွေကို ဦးစားပေး လက်တွဲ ဆောင်ရွက်ကြတာ အကောင်းဆုံးလို့ ယုံကြည်ပါတယ်”လို့ ဆောင်းဦးလှိုင်က ပြော ပါတယ်။

ဆက်လက်ပြီး “တကယ်တော့ လူကြီးတွေညံ့လို့ လူငယ်တွေ ထိခိုက် နစ်နာနေရ၊ အသက်တွေပေးပြီး တော်လှန်နေရတာပါ။ ညံ့တဲ့ထဲ ကျနော် တို့ လည်း ပါတယ်။ ကောင်းမွေထက် ဆိုးမွေများတဲ့ နိုင်ငံတော်မှာ လူငယ်တွေ တာဝန်ကျေကြရှာပါတယ်”လို့ ဆောင်းဦးလှိုင် က ပြောထား ပါ ယ်။

အဆိုတော် ဆောင်းဦးလှိုင်ကတော့ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်လျက် ရှိပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် စနစ် ကို ဆန့်ကျင်တဲ့ အနုပညာရှင် တဦးလည်း ဖြစ်ပါတယ်။

Source:Irrwady

zawgyi

ျမန္မာႏိုင္ငံမွာ လက္ရွိ ျဖစ္ပြားေနတဲ့ ႏိုင္ငံေရး အေျခအေနမ်ားအေပၚ ျပည္ပေရာက္ ျမန္မာႏိုင္ငံသား လည္းျဖစ္၊ အဆိုေတာ္ တဦးလည္းျဖစ္ တဲ့ ေဆာင္းဦးလႈိင္က လူအမ်ားဟာ မွန္ကန္ ရဲရင့္ဖို႔ လိုတယ္လို႔ သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာ ကေန အခုလိုပဲ ေျပာခဲ့ပါတယ္။

“လူအမ်ားက မွန္ကန္ရဲရင့္ဖို႔ လိုတယ္။ ကိုယ့္လူ မွားရင္ မွားတယ္ ေျပာရဲရမယ္။ ကိုယ့္လူမွန္ရင္ မွန္တယ္ ေျပာၾကရမယ္။ မိစာၦေတြက ဘယ္ ေတာ့ မွ မမွန္တာ အားလုံးသိတယ္။ မိစာၦေတြထက္ နည္းနည္း ပိုမွန္လို႔ မမွားတမွားေလးမို႔၊ မဆိုသေလာက္ေလး မွားတာ ပါတို႔ ဆင္ေျခ မေပးၾကပါနဲ႔”လို႔ ေဆာင္းဦးလႈိင္က ေျပာပါတယ္။

အမွားကိုဖုံးဖိ၊ အမွန္တရားကို ေဈးဆစ္ေနၾကၿပီဆိုရင္ စစ္ကြၽန္ဘဝက လြတ္ ဖို႔ ခက္မယ္လို႔ ေဆာင္းဦးလႈိင္က ဆိုပါတယ္။

“မိမိ ကိုယ္ေရးကိုယ္တာ ကိစၥေတြမွာ နည္းနည္း ေဝ့ဝိုက္ေနတာ ျပႆနာ သိပ္မရွိေပမယ့္ တိုင္းေရးျပည္ေရးမွာ ေဝ့လည္ေၾကာင္ပတ္ လုပ္ လို႔ မရပါဘူး။ ေဝေလေလေတြ မ်ားေနလို႔ မိစာၦေတြ လူပါးဝရဲတာ။ တကယ္ အားလုံးက ျပတ္သား ရဲရင့္ခဲ့ရင္ မိစာၦေတြ အာက်ယ္ဖို႔ အခြင့္အ ေရးေတာင္ ရခဲ့မွာ မဟုတ္ဘူး။ ေၾကာက္တတ္ တာ လက္ခံတယ္။ အမွားကိုဖုံးဖိ၊ အမွန္တရားကို ေဈးဆစ္ေနၾကၿပီဆိုရင္ စစ္ကြၽန္ဘဝက လြ တ္ဖို႔ ခက္မယ္”လို႔ ေဆာင္းဦးလႈိင္က ေျပာ ပါတယ္။

ဆက္လက္ၿပီး ေဆာင္းဦးလႈိင္က ေတာ္လွန္ေရးဆိုတာ အမွန္တရား အတြက္ တိုက္ပြဲဝင္ၾကတာလို႔ ဆိုပါတယ္။“တကယ္ေတာ့ ေတာ္လွန္ေရး ဆို တာ အမွန္တရားအတြက္ တိုက္ပြဲဝင္ၾကတာပါ။ ဒါေၾကာင့္လည္း အသက္ေပးခဲ့ရသူေတြထဲမွာ လူငယ္ေတြ မ်ားတယ္။ လူငယ္ေတြ က ျဖဴ စင္စြာ ရဲရင့္ၾကတာကိုး။ လူငယ္ေတြကို ဦးစားေပး လက္တြဲ ေဆာင္႐ြက္ၾကတာ အေကာင္းဆုံးလို႔ ယုံၾကည္ပါတယ္”လို႔ ေဆာင္းဦးလႈိင္က ေျပာ ပါတယ္။

ဆက္လက္ၿပီး “တကယ္ေတာ့ လူႀကီးေတြညံ့လို႔ လူငယ္ေတြ ထိခိုက္ နစ္နာေနရ၊ အသက္ေတြေပးၿပီး ေတာ္လွန္ေနရတာပါ။ ညံ့တဲ့ထဲ က်ေနာ္ တို႔ လည္း ပါတယ္။ ေကာင္းေမြထက္ ဆိုးေမြမ်ားတဲ့ ႏိုင္ငံေတာ္မွာ လူငယ္ေတြ တာဝန္ေက်ၾကရွာပါတယ္”လို႔ ေဆာင္းဦးလႈိင္ က ေျပာထား ပါ ယ္။

အဆိုေတာ္ ေဆာင္းဦးလႈိင္ကေတာ့ လက္ရွိ အေမရိကန္ႏိုင္ငံမွာ ေနထိုင္လ်က္ ရွိၿပီး ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္ၿပီး စစ္အာဏာရွင္ စနစ္ ကို ဆန႔္က်င္တဲ့ အႏုပညာရွင္ တဦးလည္း ျဖစ္ပါတယ္။

Source:Irrwady

Leave a Reply

Your email address will not be published. Required fields are marked *