ကီလို (၁၀၀) အရှိန်နဲ့ အဆိုတော်ထွန်းထွန်းမောင်းနှင်လာခဲ့တဲ့ Alphard အဖြူရောင်ကားတစ်စီး ဟာ မိုင်တိုင် (၂၂၆) အရောက်မှာ လမ်းပေါ်ရောက်နေတဲ့ သစ်လုံးတစ်ခုကို ရုတ်တရက် မြင်လိုက်ရတာကြောင့် ရသလောက် ရှောင်တိမ်းရင်း ကားဘယ်ဖက်ဘီး ကားဝမ်းဗိုက်တို့နဲ့ တိုက်မိပြီး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးနဲ့ ပွတ်တိုက်မိခဲ့ပါတယ်။
သို့ပေမယ့်လည်း ကားကိုမရပ်ဘဲ ရှေ့ဘီးအပေါက်နဲ့ လေးဖာလုံလောက် ဆက်မောင်းပြီးမှ ကားရပ်ကာ ရှေ့ဘီးမြန်မြန်လဲပြီး ကားဆက်မောင်းလာခဲ့ပါတယ်။ ကားပေါ်ပါလာသူတွေ အားလုံး ဒဏ်ရာမရခဲ့ပေမယ့် မိုင်တိုင် (၂၃၀) အရောက်မှာတော့ ကားကမောင်းမရတော့ဘဲ စက်သေသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ထွန်းထွန်းက ကယ်ဆယ်ရေးအသင်းတစ်ခုကို ဖုန်းဆက်အကူအညီတောင်းပြီး အကျိုးအကြောင်းရှင်းပြကာ အသင်းရဲ့အကူအညီနဲ့ပဲ ခရီးဆက်ခဲ့ပါတယ်။
ထွန်းထွန်းကတော့ ကားကိုအရှိန်တင်ပြီးမောင်းနေပေမယ့် သတိမလွတ်ဘဲ အန္တရာယ်ကြုံတဲ့ အခိုက်အတန့်မှာ အဆင်ပြေပြေရှောင်ထွက်နိုင်ခဲ့လို့ ကားပဲထိခိုက်ပြီး လူတွေဒဏ်ရာမရခဲ့ပါဘူး။ ပရိသတ်ကြီးလည်း ခရီးသွားတဲ့အခါမှာ သတိကြီးကြီးထားပြီး မောင်နှင်ကြဖို့ အကြံပြုပါတယ်။
Happy – Cele Zone
Photo – မျိုးဆက်သစ်မြတ်ပါရမီအသင်း