အမျိုးသမီး ပရိသတ် တွေတောင် ငေးမောသွားရ လောက် အောင် ဝတ်စားတတ်တဲ့ နေဆန်းရဲ့ ဖက်ရှင်

Posted on

လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟာသ ဗီဒီယိုလေးတွေရိုက်ကူးရင်း ပရိသတ် အခိုင်အမာ ရရှိ လာတဲ့ နေဆန်းကို ပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်နော် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ နေဆန်းကတော့ ကြော်ငြာတွေကိုဆက်တိုက်ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုဆက်တိုက် လုပ်ကိုင်နေတာဖြစ်ပါတယ်။ နေဆန်းက သူ့ရဲ့ရရှိလာတဲ့အနုပညာ ကြေးလေးတွေနဲ့မိဘကိုသိတတ်ပြီး အလုပ်အကျွေးပြုနေသူတစ်ယောက်လည်းဖြစ်ပါတယ် ။

နေဆန်း မိန်းကလေး အစစ်မဟုတ်ပေမယ့်လည်း မိန်းမကာရိုက်တာနဲ့ ရိုက်ကူး တဲ့ သူ့ရဲ့ဟာသ ဗီဒီယိုလေး ကို ပရိသတ်တွေက နှစ်သက်ကြတာမို့ အမျိုးသမီးပုံစံနဲ့ မကြာခဏ ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိပါတယ် ။ ထူးခြားမှုကတော့ မိန်းကလေး အစစ်တွေတောင် ငေးမောသွားရလောက်အောင် လှပလွန်းတဲ့ နေဆန်း ရဲ့ ဝတ်စုံ ဒီဇိုင်းတွေပဲဖြစ်ပါတယ် ။ မိန်းမဆန်ပြီး အရောင်သွေး စုံလင်တဲ့ ဖက်ရှင်တွေကို မကြာခဏ ဝတ်ဆင်လေ့ ရှိပြီး မိန်းကလေးရှုံးအောင် လှပလွန်းတဲ့ သူတစ်ယောက်လို့ပြောရင်လည်း မှားမယ်မထင်ပါဘူးနော် ။

နေဆန်းရဲ့ ဝတ်စုံ ဒီဇိုင်းလေးတွေကိုမှ ကြိုက်တယ်ဆိုတဲ့ချစ်ပရိသတ်ကြီးအတွက် နေဆန်းက ဝတ်စုံတွေ အမြဲတမ်း လှလှလေးချူပ်ပေးတဲ့ သူ့ရဲ့ဒီဇိုင်နာကတော့ Ma Ma Khaing ဆိုတဲ့အကောင့်ပိုင်ရှင်ဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ် ။ နေဆန်းကိုချစ်တဲ့ ပရိသတ်ကြီး အတွက် နေဆန်းရဲ့ အမိုက်စား ပုံလေးတွေကို မျှဝေပေးလိုက်ပါရစေနော် ။

Source : Nay Sann
Maria (Yaung Chi)

Leave a Reply

Your email address will not be published. Required fields are marked *