“အမေ ဒေါ်အောင်ဆန်းစုကြည် မကြာ ခဏ ပြောလေ့ ရှိတဲ့ “ကျမမှာ ပြည်သူပဲ ရှိ ပါတယ်၊ ပြည်သူ သာ အဓိကပါ” ဆိုတဲ့ စကားဟာ အကြောင်းမဲ့ မဟုတ်ခဲ့ပါ”

Posted on

ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာ ရုံးရှေ့မှာအေးချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားလေးတွေကို ရဲကအတင်း ဖမ်းဆီးသွားတဲ့အတွက် ပြည်သူတွေစုဝေးပြီး ချုပ်နှောင်ထားရာနေရာကို ဝိုင်းပြီး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကျောင်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အုတ်လမ်းက အဖွဲ့ချုပ်ဌာနချုပ်ရုံး ကို စစ်ကား ၄ စီး နဲ့ လာရောက်ပြီး အတင်းအဓမ္မ ဝင်ရောက်ဖို့ကြိုးစားတာမှာ အဝင်မခံ တံခါးပိတ်ထားပြီး ဖေ့စ်ဘုတ်က တဆင့်အကူအညီတောင်းခဲ့ပါတယ်။

နီးစပ်ရာနေရာများ ကနေ လူငယ်တွေ ပြည်သူတွေ ရောက်ရှိလာကြပါတယ်။ ရုံးချုပ်ရှေ့မှာ စစ်သားနဲ့ရဲက အတားအဆီးများချပြီး ပိတ်ဆို့ထားတာကို ပြည်သူနဲ့လူငယ်များက ပြန်လည်ဝိုင်းထားပြီး ထိုင်သပိတ်ဆင်နွဲနေစဉ်မှာ နောက်ကနေ စစ်သားနဲ့ရဲများ ထပ်မံမလာရောက်နိုင်စေဖို့ပြည်သူများက ကားများဖြင့် ပိတ်ဆို့ပေးခဲ့ပါတယ်။

နောက်ဆုံး မှာတော့ အဖွဲ့ချုပ်ရုံးရှေ့ကစစ်ကားများ ပြန်သွားရပါတယ်။

ဒီဖြစ်စဉ်နှစ်ခုလုံး မှာ ပြည်သူရဲ့အင်အား နဲ့ စနစ်တ ကျစုစည်းပိတ် ဆို့တောင်းဆိုခဲ့လို့ အောင်မြင်ရတယ်လို့ပြောရပါမယ်။

ကျနော်တို့အောင်မြင်မှုရဖို့ လက်တစ်ကမ်းသာလိုပါတော့တယ်။ နိုင်ငံတကာဖိအားက မျှော်မှန်းထားတာထက် ပိုများပြီး မြန်ဆန်နေပါတယ်။

ပြည်တွင်း အင်အားကလည်း လူငယ်တွေနဲ့ပြည်သူတွေရဲ့စုစည်းမှုအားက စနစ်ကျတယ် ညီတယ် စုပေါင်း ဆောင်ရွက်ကြတယ်။

ဝန်ထမ်းတွေ ရဲ့ CDM ကြောင့် အုပ်ချုပ်ရေးယန္တ ရားကလည်းရပ်လု ဆဲဆဲဖြစ်နေပါပြီ။ ဒီအနေအ ထားကို နောက်ထပ် တစ်ပတ်လောက် တောင့်ခံ ထားနိုင်ရင် ကျနော်တို့အောင်မြင်ပါပြီ။

ဆက်လက်ပြီးအားထုတ်ပေးကြပါ။
ပြည်သူသာလျှင် အဓိကဖြစ်ပါတယ်။

ကြည်တိုး
ပါတီ ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Leave a Reply

Your email address will not be published. Required fields are marked *