အမေရေ.. ကားငှား ရင် အမြဲစျေး ပိုတောင်း တတ်တဲ့ အမေ့သား ကားဆရာ ကြီးတွေ က အခုတော့ သမီး တို့ကို အလကား လိုက်ပို့ပေးနေကြပြီ

Posted on

အမေရေ.. ကားငှားရင် အမြဲစျေးပို တောင်းတတ်တဲ့ အမေ့သား ကားဆရာကြီးတွေက အခုတော့သမီး တို့ကို အလကားလိုက်ပို့ပေးနေကြပြီ။ အရင်က ၅၀ဖိုးတောင် အကြွေးမရောင်းတဲ့ အောက်ထပ်ကုန်စုံဆိုင်က ဒေါ်ကပ်စီးကလည်း အခု CDM လုပ်နေတဲ့ ရပ်ကွက်ထဲက ဝန်ထမ်းတွေကို လိုအပ်တာအကုန်ယူသွား ပိုက်ဆံမယူဘူးတဲ့ အမေ။ လမ်းထိပ်ကဖရဲသီးရောင်းတဲ့ကလေးလေး ကလည်းဆန္ဒပြနေတဲ့သမီးတို့ကို ဖရဲသီး ဒါနပြုပြီး အပြုံးလေးနဲ့ ဗန်းလေးပိုက်လို့ အိမ်ပြန်သွားတယ်။

ဆိုက္ကားဆရာကြီးတွေ ကားဆရာကြီးတွေ ကလည်း မနေ့က ကားတွေ ပျက်ကြလို့တဲ့အမေရယ်။ အမေ့သား ကွီးဖြိုးရဲ့ YBS ​ကြီးတောင်ပါသေးတယ်။ အမေဘယ်လောက်ဆူဆူ မတည့်ကြတဲ့ ရန်ကုန်နဲ့မန္တလေးကလည်း အခုစည်းလုံးနေကြပြီအမေ။ သမီးတို့က ကုလားဆိုပြီးနှိမ့်ချဖူးခဲ့တဲ့ လမ်းထိပ်က ဘယာကြော်ရောင်းတဲ့ မွတ်ဆလ င်ဦးလေးကြီးကလေ အမေ့ကိုသူတို့တွေ ဖမ်းသွားတဲ့နေ့က ရှိုက်ကြီးတငင်နဲ့ငိုလိုက်တာ။ အမြဲမူးနေတဲ့ ဟိုဘက်အိမ်က ဦးတုတ်ကြီး ကလည်း အရက်မသောက်တော့ပဲ သမီးတို့လုံခြုံရေးအတွက် ညဘက်ကင်းစောင့်ဖို့ လမ်းလူကြီးကိုစာရင်းသွားပေးနေပြီ အမေ။ အရင်က လမ်းမှာအမှိုက်ကိုပစ်ချင်တိုင်း ပစ်ခဲ့ကြဖူးတဲ့ အမေ့သားသမီးတွေက အခုတော့ လူထောင်သောင်း နဲ့ချီပြီး ဆန္ဒပြခဲ့တဲ့လမ်းပေါ်မှာ အမှိုက်တစ်စ,မှမကျန်အောင် စည်းကမ်းရှိနေကြပြီ။ ည ၈နာရီထိုးရင် ကြိုမတိုင်ပင်ထားပဲ အိမ်တိုင်းကသံပုံးလေးတွေထွက်တီးနေကြတာ အသက် ၈၀ ကျော်ဖွားဖွားတောင်ပါသေးတယ် အမေရဲ့။

ဟိုဘက်လမ်းက သမီးသူငယ်ချင်း Gamer အုပ်စုလည်း Game မဆော့နိုင်တော့ပဲ လမ်းပေါ်ထွက် နေကြပြီအမေ။ ကူညီပါရစေ ဆိုတဲ့လူကြီးတွေက မကူညီတော့ အမေ့သား လက်ဝှေ့ဆရာကြီးတွေ၊ သိုင်းဆရာကြီးတွေက သမီးတို့ကို ကာကွယ်ဖို့ လမ်းပေါ်ထွက်နေကြ ရပြီပေါ့။ မြေနီကုန်းမှာလည်း ကာတွန်းဆရာကြီးတွေက ဆန္ဒပြမယ့် ဘုတ်တွေကို သံမံတလင်းပူပူကြီးမှာတနေကုန်ထိုင်ဆွဲပေးနေကြတာ ဘုတ်ပြားကအစ, Free တဲ့ အမေရယ်။ အမေအုပ်ချုပ်ခဲ့တဲ့ ၅နှစ်တာကာလမှာ တစ်နိုင်ငံလုံး စိတ်ဓာတ် တွေကစ,လို့ အမေဖြစ်စေချင်တဲ့အတိုင်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလာခဲ့ပါ​ပြီ။ အမေဟာ အမေ့ဘဝတ စ်သက်တာလုံး ကို တိုင်းပြည်အတွက်ပေး ဆပ်ခဲ့တယ်။ ဒီတစ်ခါ သမီးတို့၊သားတို့ အလှည့်ပါအမေ။ ခဏလေးပဲသည်းခံပေးပါ။ အမေပြန်လာရင်ပန်ဖို့ပန်းကို သမီးတို့၊ သားတို့ အသက်နဲ့ရင်းပြီးခူးခဲ့ပါ့မယ်။

crd

zawgyi

အေမေရ.. ကားငွားရင္ အၿမဲေစ်းပို ေတာင္းတတ္တဲ့ အေမ့သား ကားဆရာႀကီးေတြက အခုေတာ့သမီး တို႔ကို အလကားလိုက္ပို႔ေပးေနၾကၿပီ။ အရင္က ၅၀ဖိုးေတာင္ အေႂကြးမေရာင္းတဲ့ ေအာက္ထပ္ကုန္စုံဆိုင္က ေဒၚကပ္စီးကလည္း အခု CDM လုပ္ေနတဲ့ ရပ္ကြက္ထဲက ဝန္ထမ္းေတြကို လိုအပ္တာအကုန္ယူသြား ပိုက္ဆံမယူဘူးတဲ့ အေမ။ လမ္းထိပ္ကဖရဲသီးေရာင္းတဲ့ကေလးေလး ကလည္းဆႏၵျပေနတဲ့သမီးတို႔ကို ဖရဲသီး ဒါနျပဳၿပီး အၿပဳံးေလးနဲ႔ ဗန္းေလးပိုက္လို႔ အိမ္ျပန္သြားတယ္။

ဆိုကၠားဆရာႀကီးေတြ ကားဆရာႀကီးေတြ ကလည္း မေန႔က ကားေတြ ပ်က္ၾကလို႔တဲ့အေမရယ္။ အေမ့သား ကြီးၿဖိဳးရဲ႕ YBS ​ႀကီးေတာင္ပါေသးတယ္။ အေမဘယ္ေလာက္ဆူဆူ မတည့္ၾကတဲ့ ရန္ကုန္နဲ႔မႏၲေလးကလည္း အခုစည္းလုံးေနၾကၿပီအေမ။ သမီးတို႔က ကုလားဆိုၿပီးႏွိမ့္ခ်ဖူးခဲ့တဲ့ လမ္းထိပ္က ဘယာေၾကာ္ေရာင္းတဲ့ မြတ္ဆလ င္ဦးေလးႀကီးကေလ အေမ့ကိုသူတို႔ေတြ ဖမ္းသြားတဲ့ေန႔က ရႈိက္ႀကီးတငင္နဲ႔ငိုလိုက္တာ။ အၿမဲမူးေနတဲ့ ဟိုဘက္အိမ္က ဦးတုတ္ႀကီး ကလည္း အရက္မေသာက္ေတာ့ပဲ သမီးတို႔လုံၿခဳံေရးအတြက္ ညဘက္ကင္းေစာင့္ဖို႔ လမ္းလူႀကီးကိုစာရင္းသြားေပးေနၿပီ အေမ။ အရင္က လမ္းမွာအမႈိက္ကိုပစ္ခ်င္တိုင္း ပစ္ခဲ့ၾကဖူးတဲ့ အေမ့သားသမီးေတြက အခုေတာ့ လူေထာင္ေသာင္း နဲ႔ခ်ီၿပီး ဆႏၵျပခဲ့တဲ့လမ္းေပၚမွာ အမႈိက္တစ္စ,မွမက်န္ေအာင္ စည္းကမ္းရွိေနၾကၿပီ။ ည ၈နာရီထိုးရင္ ႀကိဳမတိုင္ပင္ထားပဲ အိမ္တိုင္းကသံပုံးေလးေတြထြက္တီးေနၾကတာ အသက္ ၈၀ ေက်ာ္ဖြားဖြားေတာင္ပါေသးတယ္ အေမရဲ႕။

ဟိုဘက္လမ္းက သမီးသူငယ္ခ်င္း Gamer အုပ္စုလည္း Game မေဆာ့ႏိုင္ေတာ့ပဲ လမ္းေပၚထြက္ ေနၾကၿပီအေမ။ ကူညီပါရေစ ဆိုတဲ့လူႀကီးေတြက မကူညီေတာ့ အေမ့သား လက္ေဝွ႔ဆရာႀကီးေတြ၊ သိုင္းဆရာႀကီးေတြက သမီးတို႔ကို ကာကြယ္ဖို႔ လမ္းေပၚထြက္ေနၾက ရၿပီေပါ့။ ေျမနီကုန္းမွာလည္း ကာတြန္းဆရာႀကီးေတြက ဆႏၵျပမယ့္ ဘုတ္ေတြကို သံမံတလင္းပူပူႀကီးမွာတေနကုန္ထိုင္ဆြဲေပးေနၾကတာ ဘုတ္ျပားကအစ, Free တဲ့ အေမရယ္။ အေမအုပ္ခ်ဳပ္ခဲ့တဲ့ ၅ႏွစ္တာကာလမွာ တစ္ႏိုင္ငံလုံး စိတ္ဓာတ္ ေတြကစ,လို႔ အေမျဖစ္ေစခ်င္တဲ့အတိုင္း တျဖည္းျဖည္းနဲ႔ ေျပာင္းလဲလာခဲ့ပါ​ၿပီ။ အေမဟာ အေမ့ဘဝတ စ္သက္တာလုံး ကို တိုင္းျပည္အတြက္ေပး ဆပ္ခဲ့တယ္။ ဒီတစ္ခါ သမီးတို႔၊သားတို႔ အလွည့္ပါအေမ။ ခဏေလးပဲသည္းခံေပးပါ။ အေမျပန္လာရင္ပန္ဖို႔ပန္းကို သမီးတို႔၊ သားတို႔ အသက္နဲ႔ရင္းၿပီးခူးခဲ့ပါ့မယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *