အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ မြန်မာ နိုင်ငံ စစ်အာဏာ သိမ်းမှု အပေါ် ဒုတိယ ခြေလှမ်း

Posted on

ကုလသမ္မဂလုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီများက အစည်း အဝေးများ ပြုလုပ်၍ မြန်မာ့အရေးကို ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသော်လည်း သာမန်အားဖြင့် ထုတ်ပြန်ကြေငြာချက်များကိုသာ ထုတ်ပြန်နိုင်ခဲ့ ကြပါတယ်။

သို့သော် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က (၁၃/၀၂) တွင်မူ ထူးခြားတဲ့ အခြေအနေတခု ကို ကြေငြာခဲ့ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုက အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်ပုံမှန် မဟုတ်သောထူးကဲတဲ့ခြိမ်းခြောက်မှု(Unusual and Extraordinary Threat) ဖြစ်တဲ့အတွက် ၎င်းလုပ်ပိုင်ခွင့်ရှိတဲ့ အုပ်ချုပ်ရေးအာဏာအရ အမေရိကန် အမျိုးသား အရေးပေါ်အခြေအနေ (US National Emergency) ကိုထုတ်ပြန်ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။

ဒါက မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် ကြီးမားတဲ့ ဖိအားပေးမှုတခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံစစ် အာဏာသိမ်းမှုအပေါ် ဒုတိယခြေလှမ်း အဖြစ်ရှုမြင်နိုင်ပါတယ်။ ပထမခြေလှမ်းအဖြစ် စစ်အာဏာရှင်တွေအပေါ် စီးပွားရေးအရပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒီတော့ အမေရိကန် အမျိုးသားအရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေငြာမှုမှာ ဘာတွေ လုပ်ပိုင်ခွင့် ရှိသလဲ လေ့လာကြည့်ကြရအောင်ပါ။ အဓိကကတော့ စစ်ရေးအရေးယူနိုင်မှုလို့ ရှုမြင်နိုင်ပါတယ်။

အရေးပေါ်အခြေအနေကြေငြာတဲ့အချိန်မှာ အမေရိကန်သမ္မတဟာ အရေးပေါ်ကာလကာကွယ် ဦးစီးချုပ်ဖြစ်သွား ပြီး တပ်ပေါင်းစုကို တိုက်ရိုက်အမိန့်ပေးနိုင်သလို လွှတ်တော်တွေရဲ့ခွင့်ပြုချက်ကို ရယူရန်မလိုဘဲ စစ်ကြေငြာခွင့်ကိုလည်း ရရှိသွားပါတယ်။

ထို့အတူ အမေရိကန် လွှတ်တော်နှစ်ရပ်ရဲ့ ခွင့်ပြုချက်ကို ရယူရန်မလိုဘဲ တိုက်ခိုက်လိုသည့် ပစ်မှတ်များကို အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ပစ်ခတ်တိုက်ခိုက်ပိုင်မှု လုပ်ပိုင်ခွင့်အာဏာကို ရရှိသွားတာဖြစ်ပါတယ်။

ဒီအမိန့်ကြောင့် အီရန်စစ်ဗိုလ်ချုပ်ကြီးကိုတိုက်ခိုက်လုပ်ကြံသလို မြန်မာ့ စစ်အာဏာရှင်တွေကို ပစ်ခတ် တိုက်ခိုက်တော့မှာလား၊ စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူတော့မှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မြန်မာနိုင်ငံ စစ်အာဏာ သိမ်းမှုအပေါ် ဒုတိယခြေလှမ်း လှမ်းလိုက်မှုက မြန်မာ့စစ်အာဏာရှင်တွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေနဲ့ မှောင်မည်းလှတဲ့ ကံကြမ္မာဆိုးတိမ်တိုက်ကြီးတွေ ရောက်ရှိလာပြီဆိုတာကတော့ ငြင်းဆိုမရတဲ့ အချက်ပဲ ဖြစ်ပါတော့တယ်။

နောက်ဆုံးရသတင်းအရ မြန်မာ့ လေပိုင်နက်ထဲကို ( နေပြည်တော်ကောင်းကင်ယံ) အမေရိကန် ဒရုန်းတစ်စင်း ရောက်ရှိနေကြောင်းကို တရုတ်ဆင်ဟွာ သတင်းဌာနက ၁၄ ရက်နေ့ ည ၁၀ နာရီမှာ အတည်ပြုထုတ်လွှင့် ကြေငြာသွားခဲ့ပါတယ်။

မြန်မာစစ်အာဏာရှင်တွေရဲ့ နိဂုံးချုပ် အဆုံးသတ်ဟာ မဝေးကွာနိုင်တော့ကြောင်း တင်ပြ လိုက်ရ ပါတယ်။
ခင်မင်လေးစားစွာဖြင့်

ဒေါက်တာဖိုးဖြူ (အထက်တန်းရှေ့နေ)
Doctor of Letters in Law
St. Clements University,
LL.M in International Trade
and Commercial Law
University of Essex,UK

zawgyi

ကုလသမၼဂလုံၿခဳံေရးေကာင္စီႏွင့္ လူ႔အခြင့္အေရးေကာင္စီမ်ားက အစည္း အေဝးမ်ား ျပဳလုပ္၍ ျမန္မာ့အေရးကို ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၾကေသာ္လည္း သာမန္အားျဖင့္ ထုတ္ျပန္ေၾကျငာခ်က္မ်ားကိုသာ ထုတ္ျပန္ႏိုင္ခဲ့ ၾကပါတယ္။

သို႔ေသာ္ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က (၁၃/၀၂) တြင္မူ ထူးျခားတဲ့ အေျခအေနတခု ကို ေၾကျငာခဲ့ပါတယ္။ အဲဒါကေတာ့ ျမန္မာႏိုင္ငံရဲ႕ စစ္အာဏာသိမ္းမႈက အေမရိကန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးနဲ႔ ႏိုင္ငံျခားေရးမူဝါဒအေပၚပုံမွန္ မဟုတ္ေသာထူးကဲတဲ့ၿခိမ္းေျခာက္မႈ(Unusual and Extraordinary Threat) ျဖစ္တဲ့အတြက္ ၎လုပ္ပိုင္ခြင့္ရွိတဲ့ အုပ္ခ်ဳပ္ေရးအာဏာအရ အေမရိကန္ အမ်ိဳးသား အေရးေပၚအေျခအေန (US National Emergency) ကိုထုတ္ျပန္ေၾကျငာလိုက္တာပဲ ျဖစ္ပါတယ္။

ဒါက ျမန္မာ့စစ္အာဏာသိမ္းမႈအေပၚ ႀကီးမားတဲ့ ဖိအားေပးမႈတခုျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံစစ္ အာဏာသိမ္းမႈအေပၚ ဒုတိယေျခလွမ္း အျဖစ္ရႈျမင္ႏိုင္ပါတယ္။ ပထမေျခလွမ္းအျဖစ္ စစ္အာဏာရွင္ေတြအေပၚ စီးပြားေရးအရပိတ္ဆို႔မႈေတြ ျပဳလုပ္ခဲ့ၿပီးလည္း ျဖစ္ပါတယ္။

ဒီေတာ့ အေမရိကန္ အမ်ိဳးသားအေရးေပၚအေျခအေနကို ထုတ္ျပန္ေၾကျငာမႈမွာ ဘာေတြ လုပ္ပိုင္ခြင့္ ရွိသလဲ ေလ့လာၾကည့္ၾကရေအာင္ပါ။ အဓိကကေတာ့ စစ္ေရးအေရးယူႏိုင္မႈလို႔ ရႈျမင္ႏိုင္ပါတယ္။

အေရးေပၚအေျခအေနေၾကျငာတဲ့အခ်ိန္မွာ အေမရိကန္သမၼတဟာ အေရးေပၚကာလကာကြယ္ ဦးစီးခ်ဳပ္ျဖစ္သြား ၿပီး တပ္ေပါင္းစုကို တိုက္႐ိုက္အမိန႔္ေပးႏိုင္သလို လႊတ္ေတာ္ေတြရဲ႕ခြင့္ျပဳခ်က္ကို ရယူရန္မလိုဘဲ စစ္ေၾကျငာခြင့္ကိုလည္း ရရွိသြားပါတယ္။

ထို႔အတူ အေမရိကန္ လႊတ္ေတာ္ႏွစ္ရပ္ရဲ႕ ခြင့္ျပဳခ်က္ကို ရယူရန္မလိုဘဲ တိုက္ခိုက္လိုသည့္ ပစ္မွတ္မ်ားကို အေမရိကန္သမၼတတစ္ဦးအေနနဲ႔ ပစ္ခတ္တိုက္ခိုက္ပိုင္မႈ လုပ္ပိုင္ခြင့္အာဏာကို ရရွိသြားတာျဖစ္ပါတယ္။

ဒီအမိန႔္ေၾကာင့္ အီရန္စစ္ဗိုလ္ခ်ဳပ္ႀကီးကိုတိုက္ခိုက္လုပ္ႀကံသလို ျမန္မာ့ စစ္အာဏာရွင္ေတြကို ပစ္ခတ္ တိုက္ခိုက္ေတာ့မွာလား၊ စစ္ေရးအရ ျပင္းျပင္းထန္ထန္အေရးယူေတာ့မွာလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုလို အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ ျမန္မာႏိုင္ငံ စစ္အာဏာ သိမ္းမႈအေပၚ ဒုတိယေျခလွမ္း လွမ္းလိုက္မႈက ျမန္မာ့စစ္အာဏာရွင္ေတြအေပၚ ႀကီးမားတဲ့သက္ေရာက္မႈေတြနဲ႔ ေမွာင္မည္းလွတဲ့ ကံၾကမၼာဆိုးတိမ္တိုက္ႀကီးေတြ ေရာက္ရွိလာၿပီဆိုတာကေတာ့ ျငင္းဆိုမရတဲ့ အခ်က္ပဲ ျဖစ္ပါေတာ့တယ္။

ေနာက္ဆုံးရသတင္းအရ ျမန္မာ့ ေလပိုင္နက္ထဲကို ( ေနျပည္ေတာ္ေကာင္းကင္ယံ) အေမရိကန္ ဒ႐ုန္းတစ္စင္း ေရာက္ရွိေနေၾကာင္းကို တ႐ုတ္ဆင္ဟြာ သတင္းဌာနက ၁၄ ရက္ေန႔ ည ၁၀ နာရီမွာ အတည္ျပဳထုတ္လႊင့္ ေၾကျငာသြားခဲ့ပါတယ္။

ျမန္မာစစ္အာဏာရွင္ေတြရဲ႕ နိဂုံးခ်ဳပ္ အဆုံးသတ္ဟာ မေဝးကြာႏိုင္ေတာ့ေၾကာင္း တင္ျပ လိုက္ရ ပါတယ္။
ခင္မင္ေလးစားစြာျဖင့္

ေဒါက္တာဖိုးျဖဴ (အထက္တန္းေရွ႕ေန)
Doctor of Letters in Law
St. Clements University,
LL.M in International Trade
and Commercial Law
University of Essex,UK

Leave a Reply

Your email address will not be published. Required fields are marked *