အမေစု အတွက် ရည်ရွယ်ကာ ရေးထားတဲ့ သံမဏိ လိပ်ပြာ သီချင်းလေးကို လမ်းမထက်မှာ အားမာန်အပြည့် နဲ့ သီဆိုနေတဲ့ G FATT ရဲ့ဗီဒီယိုဖိုင်

Posted on

အဆိုတော် G Fatt ကတော့ လူငယ်ကြိုက်သီချင်းလေးတွေကို ကိုယ်တိုင်ရေးသား သီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှု တွေကို တစ်ခဲနက် ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လတ်တလောအခြေအနေတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကာ လူထု လှုပ်ရှားမှုတွေမှာလည်း ပါဝင်နေတာလည်း ဖြစ်ပါတယ်။ နေ့ဘက်တွင် လှုပ်ရှားမှုတွင် ပါဝင်နေရုံတင်မကဘဲ ညပိုင်းတွေမှာပါ လမ်းထဲသို့ လူစိမ်းတွေ မဝင်ရောက်စေရန်နှင့် ရပ်ကွက်နေပြည်သူလူထုတွေ လုံခြုံရေးအတွက် ကင်းစောင့်ပေးနေတာလည်း ဖြစ်ပါတယ်။

တစ်ရက်ပြီး တစ်ရက်မမောနိုင် မပန်းနိုင်လှုပ်ရှားနေတဲ့ G Fatt ရဲ့ လုပ်ဆောင်မှုတွေ ကိုလည်း ပရိသတ်များကပါ ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေတဲ့ ပြည်သူတွေအတွက်လည်း ခွန်အားဖြည့်သီချင်းလေးတွေ သီဆိုကာ တစ်တပ် တစ်အား ပါဝင် အားဖြည့်ပေး နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့်လည်း လှုပ်ရှားမှုလေးတွေကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း G Fatt ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အမေစုအတွက်ရည်ရွယ်ကာရေးထားတဲ့သီချင်းလေးကိုလမ်းမထက်မှာ အားမာန်အပြည့်နဲ့သီဆိုခဲ့တဲ့ G Fatt ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ G Fatt ဟာ အဆိုတော် လင်းလင်းရဲ့ သံမဏိလိပ်ပြာ သီချင်းလေးကို ပြန်လည် သီဆိုထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက်ရပြီး လူထုလှုပ်ရှားမှုမှာပါဝင်ကြမယ့်ပြည်သူတွေလည်း အထူးဂရုစိုက်ကြပါလို့လည်း မှာလိုက်ပါရစေနော်။

Source and Photo Crd-G Fatt’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *