အမုန်းတရားတွေကို ရှေ့တန်းတင် မလား ပြည်သူနဲ့လက် တွဲပြီးချစ်ခြင်းတရား နဲ့ ရှေ့ဆက် ချီတက်မလား ဆိုတာကို မေးခွန်း ထုတ်လိုက်တဲ့ မင်းမော်ကွန်း

Posted on

အကယ်ဒမီ မင်းမော်ကွန်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေတွေမှာ ဆိုရင် ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်း စိတ်ရောကိုယ်ပါ နှစ်ပြီး ပါဝင်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်။ရရာနေရာကနေ လ မ်း ပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ဟစ်ကြွေးဖော် ထုတ်ရင်း နေ့စဉ်တိုင်းလိုလို တစ်ရက်မနားတမ်း လှုပ်ရှားမှုပြုခဲ့ပါတယ်။ ဒါ ကြောင့် လ ည်း ခုချိန်မှာ ခြိမ်းခြောက် ခံရမှုတွေ ရှိလာလို့ မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင်နေ ရတာလည်းဖြစ်ပါတယ်။

ခုချိန်မှာ မင်းမော်ကွန်းက ကိုယ်တိုင် လမ်းပေါ်မထွက်နိုင်ပေမယ့်လည်း သူရဲ့အကောင့်မှာတော့ အရေးကြီး သတင်းတွေနဲ့ သူရဲ့ရင်ထဲက ခံ စား ချက် အစစ်အမှန်တွေကိုလည်း ရေးသားဖော်ပြကာ ဒီနေ့ထိ အားဖြည့် ပါဝင်နေဆဲပါ။ ဒါ့အပြင် လှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေအ တွက်လည်း ဂုဏ်ပြု စကားလေးတွေ အမြဲပြောကာ စိတ်ခွန်အားတွေ ပေးတတ် သလို ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူတိုင်းကိုလည်း ဂရုတစိုက်နဲ့ နေထိုင်ကြဖို့ကိုလည်း အမြဲမှာကြားနေသူပါ။

အခြေအနေအရပ်ရပ်ကြောင့် မိသားစုနဲ့ ခွဲခွာနေရပေမယ့်လည်း အရေးတော်ပုံကြီး အောင်မြင်ဖို့ စိတ်အားထက်သန်နေသူ ဖြစ်တာ ကြော င့် ပရိသတ်တွေက လေးစားနေကြတာပါ။ အခုလည်း သူရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ အမုန်းတရားတွေကို ရှေ့တန်းတ င်မလား ပြ ည်သူနဲ့ လက်တွဲပြီး ချစ်ခြင်းတရားနဲ့ ရှေ့ဆက်ချီတက်မလားဆိုတဲ့ အကြောင်း အရာလေးနဲ့ ပတ်သက်ပြီး ခုလိုရေးသားဖော် ပြထားတာတွေ့ ရ ပါတယ်။ ”

မင်းအဖေလည်းပြည်သူ မင်းအမေလည်းပြည်သူ မင်းမိန်းမသားသမီးတွေလည် းပြည်သူ ငါတို့ အမုန်းတ ရား တွေရှေ့တန်းတင် မလား ပြည် သူ နဲ့ လက်တွဲပြီးချစ်ခြင်းတရားနဲ့ ရှေ့ဆက်ချီတက်မလား မင်းသေသေချာချာရွေးပါ သူငယ်ချင်း”ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ် ကြီးအ တွက် ပြန်လည်ဝေမျှပေးရင်း မင်းမော်ကွန်းတစ်ယောက် ဘေးကင်းပါစေ ဆုတောင်းပေး လိုက်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *