အမိုက်စား Tik Tok ဗီဒီယို လေး ကို ပရိသတ် တွေ ရှေ့ချပြ လာ တဲ့ ဝါဆိုမိုးဦး

Posted on

မော်ဒယ်သရုပ်ဆောင်ဝါဆိုမိုးဦးကတော့ ကောက်ကြောင်းလှတဲ့အမိုက်စား ဘော်ဒီလေးကို ပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့အားပေးဝန်းရံမှုကိုလက်ခံရရှိထားနိုင်ခဲ့သူတစ်ယောက်ပါ။ သူမဟာသရုပ်ဆောင်တဲ့နေရာမှာကျရာဇာတ်ရုပ်ကို ဟာကွက်မရှိအောင် အကောင်းဆုံးသရုပ်ဆောင်နိုင်သလို သီချင်းတွေကိုလည်းချစ်သူဖြိုးလေးနဲ့အတူတွဲဖက်သီဆိုလျက်ရှိပါတယ်။ လတ်တလောမှာ တော့ဝါဆိုမိုးဦးက ကိုဗစ်ရောဂါတွေကြောင့်အနုပညာအလုပ်တွေကိုခ ဏတာရပ်နားထားခဲ့ရပြီး

သူမရဲ့တစ်နေ့တာလှုပ်ရှားမှုလေးတွေကိုတော့ သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြပေးလေ့ ရှိပါတယ်။ ဒါ့အပြင်ဝါဆိုမိုးဦးကညီမတွေနဲ့အတူတွဲဆော့ထားတဲ့ အမိုက်စား Tik tokဗီဒီယိုလေးတွေကိုလည်းလူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိပါသေးတယ်။ ဒီနေ့မှာလည်းဝါဆိုမိုးဦးတို့ညီမလေးယောက်လုံးဟာ အိမ်ထဲမှာပဲနေရတဲ့ကာလဖြစ်တာမို့ ပရိသတ်တွေ နဲ့အဆက်အသွယ်မပြတ်အောင် တစ်ယောက်တစ်မျိုးမတူအောင်ကပြီး Tik Tok ဗီဒီယိုလေးကိုရိုက်ကူးထားခဲ့ပါတယ်။

ဝါဆိုမိုးဦးတို့ညီမလေးယောက်ရဲ့Tik Tok ဗီဒီယိုလေးကိုတော့ပရိသတ်တွေကလည်း သဘောကျ နှစ်သက်နေကြပါတယ်။ အဆိုပါTik Tok ဗီဒီယိုလေးကိုတော့ဝါဆိုမိုးဦးက”ညီမလေးယောက်ကိုဘယ်ဝတ်စုံလေးနဲ့ ပိုချစ်လဲ?”ဆိုတဲ့စာသားနဲ့အတူရေးသားကာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

Source:Warso Moe Oo

zawgyi




Source:Warso Moe Oo

Leave a Reply

Your email address will not be published. Required fields are marked *