အမိုက်စား ‌လေ့ကျင့်ခန်း တွေ ကို ကြိုးစား ပမ်းစား လုပ် နေ တဲ့ ချီချီ ရဲ့ VIDEO

Posted on

Beauty Blogger လောက မှတစ်ဆင့် အနုပညာလောက ထဲကို ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် ဝန်းရံ အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ ချီချီဟာ ယောကျာ်းလေးပရိသတ်များသာမကဘဲ မိန်းကလေးပရိသတ်တွေကပါ အရိပ်တကြည့်ကြည့်နဲ့ ချစ်ခင်မှုတွေကို ရရှိထားသူ တစ်ယောက် လည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာ အလုပ်တွေကို တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ကြိုးစားလုပ်ကိုင်နေတာကြောင့်လည်း အချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

ချီချီဟာ လတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုတွေ သိပ်မရှိသေးဘဲ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေကို နေ့ရက်တိုင်းလိုလို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင်လို့လည်း သူမရဲ့ လူမှုကွန်ယက်များမှ တစ်ဆင့် လှုပ်ရှားမှုလေးတွေကို အမြဲ ဝေမျှတင်ဆက် ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း ချီချီ ရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ အားလပ်ချိန်တွေမှာတောင် ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းစေရန် အတွက် လေ့ကျင့်ခန်းတွေကို ကြိုးစားပမ်းစား လုပ်နေတဲ့ ချီချီရဲ့ ဗီဒီယိုလေးတွေပဲ ဖြစ်ပါတယ်။ ချီချီကတော့ ဝေဖန်မှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေပါစေ မမှုဘဲ ရှေ့ဆက်လျှောက်ရမယ့် အနုပညာပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည်ရှုခံစားနိုင်အောင် ချီချီရဲ့ ဗီဒီယိုလေးတွေ ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

crd

Leave a Reply

Your email address will not be published.