ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်လာတဲ့ မင်းသမီးချောလေး နေခြည်ဦးဟာ ဆိုရင်တော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။တက်သစ်စ မင်းသမီးလေးဖြစ်ပေမယ့် သူမရဲ့ အနုပညာအရည်အသွေးတွေ ကို ပရိသတ်တွေက လက်ခံကြလို့ တစ်ခဲနက်အားပေးဝန်းရံကြပါတယ်နော်။နေခြည်က သဘောကောင်းဖော်ရွေပြီး ပွင့်ပွင့်လင်းလင်းနဲ့သွက်လက်တဲ့သူလေးဖြစ်လို့ လူချစ် လူခင်လည်းပေါများပါတယ်။
နေခြည်ဦးပါဝင် သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ကိုလည်း ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြပါတယ်။အလှအပရေးရာနဲ့ပက်သက်ပြီးတော့ သူမမျှဝေတဲ့အကြောင်းအရာလေးတွေကို ပရိသတ်တွေ ကလိုက်လုပ်ကြတာဖြစ်ပါတယ်နော်။ နေခြည့်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း တစ်နေ့ တစ်ခြားပိုပိုများပြားလာပြီး သူမရဲ့ချစ်စရာဟန်ပန်လေးတွေကြောင့် ပရိသတ်တွေကပိုချစ်လာကြတာဖြစ်ပါတယ်။
အခုနောက်ပိုင်း မှာဆိုရင် နေခြည်ဦးက အလှအပရေးရာကိုလည်း ပိုပြီးဂရုစိုက်လာပြီး မနက်တိုင်း လိုလို လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးပါတယ်နော်။လေ့ကျင့်ခန်းပုံမှန်လုပ်လို့လည်း သူမရဲ့ခန္ဓာကိုယ်လေးက အဆီပိုကင်းဝေးပြီး သွယ်လျ လှပနေတာဖြစ်ပါတယ်။နေခြည်ကတော့ ခေါင်းအစခြေ အဆုံးကို အထူးဂရုစိုက်တာကြောင့် တစ်နေ့တစ်ခြား ပိုပိုလှပလာတဲ့ သူမ ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source&Photo Credit:Nay Chi Oo’s Instagram Acc
zawgyi