အမိုက်စား ပုံစံလေး နဲ့ လေ့ကျင့်ခန်းတွေ အပြင်း အထန်လုပ်နေ တဲ့ ယွန်းယွန်း ရဲ့ ဗီဒီယို

Posted on

အပြုံးချိုချိုလေးနဲ့ ပုရိသတွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီး ချောလေး ယွန်းယွန်းပဲ ဖြစ်ပါတယ်။ ယွန်းယွန်းရဲ့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ နက်မှောင်သန်စွမ်းတဲ့ ဆံနွယ်လေးတွေဟာလည်း မိန်းကလေးချင်းတောင် အားကျ ငေးမောနေရတာလည်း ဖြစ်ပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါယွန်းယွန်းဟာ ကလေးဘဝကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာသူ တစ်ဦးပဲ ဖြစ်ပြီး ယနေ့ချိန် မှာတော့ ပြည်သူချစ် မင်းသမီးလေး တစ်လက်အဖြစ် ရပ်တည်လျက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ သရုပ်ဆောင်တဲ့ အမူအရာလေးတွေကို ချစ်မ၀ ဖြစ်နေကြတာပါ။ လတ်တလောမှာတော့ ယွန်းယွန်း တစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူး နေရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း သိရှိရအောင် လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့်လည်း ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ဖြစ်အောင် လည်း လေ့ကျင့်ခန်းတွေ အမြဲလုပ်ဆောင်လေ့ ရှိရာ အခုတစ်ခါမှာလည်း သူမရဲ့ Instagram Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သွယ်လျလှပပြီး မြင်သူတကာငေးမောရတဲ့ ခန္ဓာကိုယ်လေးရရှိအောင် လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေတဲ့ ယွန်းယွန်း ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ လည်း ကြည့်ရှုခံစားနိုင်အောင် လေ့ကျင့်ခန်း လုပ်နေတဲ့ ယွန်းယွန်းရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd – Yoon Yoon-Yuki’s IG Account and Yoon Yoon’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *