အမာရွတ် ဆိုတာ ရှက်စရာတစ်ခု မဟုတ်ကြောင်းကို သူမရဲ့ အတွေ့အကြုံ နဲ့ ယှဉ်ပြီး ပြောပြ လာခဲ့ တဲ့ MISS UNIVERSE MYANMAR သူဇာဝင့်လွင်

Posted on

အမျိုးသမီးတော်တော်များများဟာ သူမတို့ရဲ့အမာရွတ်တွေ ကိုရှက်စရာလို့ ထင်ပြီး ဖုံးကွယ်ဖို့ ကြိုးစားတတ်ကြပါတယ်။ Miss Universe Myanmar တစ်ယောက်ဖြစ်တဲ့ သူဇာဝင့်လွင်ဟာ အမာရွတ်တစ်ခုရဲ့တန်ဖိုးကို သူမရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြလာခဲ့ပါတယ်။ သူမအသက် (၁၉) နှစ်အရွယ်မှာ ရင်ဘတ်မှာ အဆီခဲ တစ်ခုတွေ့ပြီးနောက် အချိန်မီမခွဲစိတ်ရင် ကင်ဆာဖြစ်နိုင်တဲ့အခြေအနေ ရှိတာမို့ အမြန်ဆုံးခွဲစိတ်ခဲ့လိုက်ပါတယ်။ ခွဲစိတ်ထားတဲ့အမာရွတ်ကနေ အလာ့ဂျစ်တွေ ဖြစ်ပြီးနောက် အရင်ထက်ပိုကြီးတဲ့ အမာရွတ်ကြီး ဖြစ်သွားခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့တော့ ဒီအမာရွတ်ဟာ စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ ထင်မြင်ခဲ့မှာပါ။

မော်ဒယ်လုပ်ငန်းတွေစလုပ်တဲ့အချိန်မှာတော့ ဒီအမာရွတ် ကိုလေဆာနဲ့ဖျောက်ပစ်ဖို့ စဉ်းစားပေမယ့် ဒီအမာရွတ် တစ်ခုအတွက်နဲ့ သူမရဲ့အရည်အချင်းတွေဟာ လျော့ပါးမသွားဘဲ အရင်အတိုင်းပဲရှိနေမှာ ဖြစ်တယ်လို့ ပြန်စဉ်းစားပြီးတဲ့နောက်မှာ သူမရဲ့ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အမှတ်တရတစ်ခုအဖြစ်နဲ့ပဲ ဒီအမာရွတ်ကို တန်ဖိုးထားတတ်လာခဲ့တယ်လို့ဆိုပါတယ်။ သူမလိုပဲ အမျိုးသမီးတွေလည်း ကိုယ်ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ အမှတ်တရတစ်ခုအဖြစ်နဲ့ အမာရွတ်တွေကို ဖုံးကွယ်ဖို့ မကြိုးစားဘဲ ကိုယ့်ရဲ့ဖြစ်တည်မှုကို သတ္တိရှိရှိလက်ခံပြီး ရင်ဆိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း ဒီအမာရွတ်ကြောင့်ပဲ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေမျှဝေပေးဖို့ Miss Universe Myanmar အဖြစ် ထောက်ခံအားပေးမှုရခဲ့ပါတယ်။

အမျိုးသမီးတိုင်းဟာတန်ဖိုးရှိသူတွေဖြစ်ပြီး ကိုယ့် ရဲ့ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ရဲ့အတွင်းအပြင်တိုင်းမှာ ဘာတွေဖြစ်နေမလဲဆိုတာကို အမြဲတမ်းသတိထားပြီး တစ်ခုခု ထူးခြားတာနဲ့ သေချာကုသဖို့လိုတဲ့အကြောင်းလည်းပြောခဲ့ပါသေးတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရင်သား ကင်ဆာဆိုတာလည်း စောစောသိပြီး သေချာဂရုတစိုက်နဲ့ကုသရင် ပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ဒီလိုသိနိုင်ဖို့ဆိုတာလည်း ကိုယ်တိုင်က ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုတစိုက်ရှိနေဖို့လိုပါတယ်။ အဆုံးသတ်မှာ တော့ အမာရွတ်ဆိုတာရှက်စရာ မဟုတ်ကြောင်းနဲ့ ဒီအမာရွတ်ကြောင့် ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ ကိုသတိရပြီး ကျော်ဖြတ်နိုင်ခဲ့တာကို ဂုဏ်ယူနေစေဖို့ တိုက်တွန်း ခဲ့ပါတယ်။ Miss Universe Myanmar တစ်ယောက်အနေနဲ့ မြန်မာအမျိုးသမီးတွေကို အခုလိုအသိပညာပေး ပြောကြားတာဟာ တကယ်ကို ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါပဲ။

Photo Credit – Thu Zar Wint Lwin’s FB Acc

zawgyi

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ သူမတို႔ရဲ႕အမာ႐ြတ္ေတြ ကိုရွက္စရာလို႔ ထင္ၿပီး ဖုံးကြယ္ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ Miss Universe Myanmar တစ္ေယာက္ျဖစ္တဲ့ သူဇာဝင့္လြင္ဟာ အမာ႐ြတ္တစ္ခုရဲ႕တန္ဖိုးကို သူမရဲ႕အေတြ႕အႀကဳံနဲ႔ယွဥ္ၿပီး ေျပာျပလာခဲ့ပါတယ္။ သူမအသက္ (၁၉) ႏွစ္အ႐ြယ္မွာ ရင္ဘတ္မွာ အဆီခဲ တစ္ခုေတြ႕ၿပီးေနာက္ အခ်ိန္မီမခြဲစိတ္ရင္ ကင္ဆာျဖစ္ႏိုင္တဲ့အေျခအေန ရွိတာမို႔ အျမန္ဆုံးခြဲစိတ္ခဲ့လိုက္ပါတယ္။ ခြဲစိတ္ထားတဲ့အမာ႐ြတ္ကေန အလာ့ဂ်စ္ေတြ ျဖစ္ၿပီးေနာက္ အရင္ထက္ပိုႀကီးတဲ့ အမာ႐ြတ္ႀကီး ျဖစ္သြားခဲ့ပါတယ္။ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ အေနနဲ႔ေတာ့ ဒီအမာ႐ြတ္ဟာ စိတ္အေႏွာက္အယွက္ျဖစ္ေစတယ္လို႔ ထင္ျမင္ခဲ့မွာပါ။

ေမာ္ဒယ္လုပ္ငန္းေတြစလုပ္တဲ့အခ်ိန္မွာေတာ့ ဒီအမာ႐ြတ္ ကိုေလဆာနဲ႔ေဖ်ာက္ပစ္ဖို႔ စဥ္းစားေပမယ့္ ဒီအမာ႐ြတ္ တစ္ခုအတြက္နဲ႔ သူမရဲ႕အရည္အခ်င္းေတြဟာ ေလ်ာ့ပါးမသြားဘဲ အရင္အတိုင္းပဲရွိေနမွာ ျဖစ္တယ္လို႔ ျပန္စဥ္းစားၿပီးတဲ့ေနာက္မွာ သူမရဲ႕ဘဝမွာ ေတြ႕ႀကဳံခဲ့ရတဲ့ အမွတ္တရတစ္ခုအျဖစ္နဲ႔ပဲ ဒီအမာ႐ြတ္ကို တန္ဖိုးထားတတ္လာခဲ့တယ္လို႔ဆိုပါတယ္။ သူမလိုပဲ အမ်ိဳးသမီးေတြလည္း ကိုယ္ျဖတ္သန္း႐ုန္းကန္ခဲ့ရတဲ့ အမွတ္တရတစ္ခုအျဖစ္နဲ႔ အမာ႐ြတ္ေတြကို ဖုံးကြယ္ဖို႔ မႀကိဳးစားဘဲ ကိုယ့္ရဲ႕ျဖစ္တည္မႈကို သတၱိရွိရွိလက္ခံၿပီး ရင္ဆိုင္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ သူမကိုယ္တိုင္လည္း ဒီအမာ႐ြတ္ေၾကာင့္ပဲ ရင္သားကင္ဆာနဲ႔ ပတ္သက္တဲ့ အေတြ႕အႀကဳံေတြမွ်ေဝေပးဖို႔ Miss Universe Myanmar အျဖစ္ ေထာက္ခံအားေပးမႈရခဲ့ပါတယ္။

အမ်ိဳးသမီးတိုင္းဟာတန္ဖိုးရွိသူေတြျဖစ္ၿပီး ကိုယ့္ ရဲ႕ခႏၶာကိုယ္ကိုလည္း ဂ႐ုစိုက္ဖို႔လိုပါတယ္။ ခႏၶာကိုယ္ရဲ႕အတြင္းအျပင္တိုင္းမွာ ဘာေတြျဖစ္ေနမလဲဆိုတာကို အၿမဲတမ္းသတိထားၿပီး တစ္ခုခု ထူးျခားတာနဲ႔ ေသခ်ာကုသဖို႔လိုတဲ့အေၾကာင္းလည္းေျပာခဲ့ပါေသးတယ္။ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ ရင္သား ကင္ဆာဆိုတာလည္း ေစာေစာသိၿပီး ေသခ်ာဂ႐ုတစိုက္နဲ႔ကုသရင္ ေပ်ာက္ကင္းႏိုင္တဲ့ေရာဂါမ်ိဳးပါ။ ဒီလိုသိႏိုင္ဖို႔ဆိုတာလည္း ကိုယ္တိုင္က ကိုယ့္ရဲ႕ခႏၶာကိုယ္ကို ဂ႐ုတစိုက္ရွိေနဖို႔လိုပါတယ္။ အဆုံးသတ္မွာ ေတာ့ အမာ႐ြတ္ဆိုတာရွက္စရာ မဟုတ္ေၾကာင္းနဲ႔ ဒီအမာ႐ြတ္ေၾကာင့္ ကိုယ္ျဖတ္သန္းခဲ့ရတဲ့ အေတြ႕အႀကဳံ ကိုသတိရၿပီး ေက်ာ္ျဖတ္ႏိုင္ခဲ့တာကို ဂုဏ္ယူေနေစဖို႔ တိုက္တြန္း ခဲ့ပါတယ္။ Miss Universe Myanmar တစ္ေယာက္အေနနဲ႔ ျမန္မာအမ်ိဳးသမီးေတြကို အခုလိုအသိပညာေပး ေျပာၾကားတာဟာ တကယ္ကို ေကာင္းမြန္တဲ့ လုပ္ရပ္တစ္ခုပါပဲ။

Photo Credit – Thu Zar Wint Lwin’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *