အဖြူရောင် သတို့သမီးဝတ်စုံလေး ဝတ်ပြီး အချစ်ရဆုံးချစ်သူ ကြွေသွားရအောင် ချစ်စကားတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ဆိုလာတဲ့ မအေးသောင်း

Posted on

ရိုးရှင်းတဲ့ ပင်ကိုယ်အလှတရားကြောင့် ပုရိသတွေရဲ့ နှလုံးသား ကို အပိုင်သိမ်းထားနိုင်တဲ့ အပျိုကြီးမမ မအေးသောင်းကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်မှုတွေရနေတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကြောင့် အောင်မြင်တဲ့နေရာ တစ်နေရာမှာ ရပ်တည်နေနိုင်တဲ့ မအေးသောင်းက အခုဆိုရင် အသက် (၃၅) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်ပြီး အိမ်ထောင်မပြုသေးပဲ အလုပ်တွေကိုသာ ကြိုးစားလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီး တစ်ယောက်ပီပီ ချစ်သူရည်းစားလည်းရှိတဲ့ မအေးသောင်းက သူမရဲ့ချစ်သူနဲ့ ပရိသတ်တွေကို တရားဝင်မိတ်ဆက်ပေးထားပြီးပြီပဲ ဖြစ်ပါတယ်။

သာယာတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ထားတဲ့ မအေးသောင်း ကတော့ အပျိုကြီးပီပီ စကားတတ်ပြီး ချစ်ရသူကို ကြွေဆင်းသွားအောင် ပြောတတ်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မအေးသောင်းက သူမရဲ့ ရှုတင်ရိုက်ကွင်းပေါ်က အမှတ်တရလေးဖြစ်တဲ့ အဖြူရောင်သတို့သမီး ဝတ်စုံလေးဝတ်ပြီး အချစ်ရဆုံးချစ်သူကို “Love you 3000 my Iron Man 🥰🥰🥰” ဆိုပြီး ချစ်စဖွယ်လေးပြောလာတာကို တွေ့ရပါတယ်။

မအေးသောင်းကတော့ လက်ထပ်ဖို့အရေးကို ထုတ်မပြောသေးပေမယ့် ပရိသတ်တွေ ကတော့ ချစ်ရသူနဲ့ အမြန်ဆုံးရွှေလက်တွဲ လက်ထပ်စေချင်ကြပြီပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းတို့ ချစ်သူနှစ်ယောက် အမြန်ဆုံး လက်ထပ်ပြီး သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *