အဖြူရောင် ဂါ၀န်လေးနဲ့ သတို့သမီး ပုံရိပ်လေး ကို မြင်မသွားရရှာတဲ့ ချစ်သူ အကြောင်း ထိခိုက် ခံစားစွာ ပြောပြ လာတဲ့ ကိုကောင်းထက်နိုင် ကောင်မလေး

Posted on

အဖြူရောင်ဂါ၀န်လေးနဲ့ သတို့သမီးပုံရိပ်လေးကို မြင်မသွား ရရှာတဲ့ ချစ်သူ အကြောင်း

ထိခိုက်ခံစားစွာပြောပြလာတဲ့ ကိုကောင်းထက်နိုင် ကောင်မလေး

ကိုကောင်းထက်နိုင်အသက် (၂၂) နှစ်ကတော့ မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ် ဧပြီ ၂၄ ရက်နေ့၊

မနေ့က ၆၅ လမ်း ၁၀၇ လမ်းထောင့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး

ဒီကနေ့မှာတော့ မိသားစုက သက်ပျောက်ဆွမ်းသွတ်ခဲ့ရတာဖြစ်ပါတယ်။

“တာယာပုံ မီးရှို့လို့ဆိုပြီး မနေ့က ၁၀ နာရီ ၁၅ လောက်မှာ ပစ်ခံရတယ်။

ဗိုက်ထိသွားတယ်။ အလောင်းကို ယူသွားတယ်။

ဆေးရုံတွေနဲ့ နန်းတွင်း (စစ်ကောင်စီ အခြေစိုက်ရာ မန္တလေးနန်းတွင်း) ကိုလည်း သွားမေးတယ် မသိဘူးပြောတယ်။

ကြာနီကန် သွားမေးတော့ မနေ့က တစ်ရက်တည်း သုံးလောင်း လောက် မီးရှို့တယ်ပြောတယ်။

ကျည်ပစ်ခံရတဲ့ နေရာမှာ သူ့ဖိနပ်လေး တွေ့ရတယ်။

သူ့ သူငယ်ချင်းတွေကလည်း ကိုကောင်ထက်နိုင် ပစ်ခံရပြီး လဲကျနေတာကို အတည်ပြုတော့

မိဘတွေက လက်မခံနိုင်ကြပေမယ့် အလောင်းမရှိဘဲ သက်ပျောက် ဆွမ်းသွတ်လိုက်တယ်” လို့

ကိုကောင်းထက်နိုင်ရဲ့ မိသားစုဝင်တစ်ယောက်က ပြော ပါတယ်။

ကိုကောင်းထက်နိုင်ရဲ့ ချစ်သူကောင်မလေးမှလည်း လက်ရှိ ဖြစ်ရပ်အပေါ်မယုံကြည်နိုင်လောက်အောင်ခံစားနေရတာဖြစ်ပါတယ်။

ချစ်သူကောင်လေး ဆုံးရှုံးလိုက်ရပြီး ၀မ်းနည်းပူဆွေးနေရကြောင်း

သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားလာတာပဲဖြစ်ပါတယ်။

သူမကတော့ သေဆုံးသွားပြီဖြစ်တဲ့ချစ်သူကောင်လေးနှင့်အတူ တနေ့မှာ ဂါ၀န်အဖြူရောင်လေး၀တ်ပြီး

လက်ထပ်ဖို့ပြောထားခဲ့တဲ့ Chat historyလေးပါ ဖော်ပြရင်း ၀မ်းနည်းခံစားနေရတာပဲဖြစ်ပါတယ်။

သိပ်လှတဲ့ အဖြူရောင်အိပ်မက်လေးတွေ မက်ခဲ့ကြသူတွေဖြစ်ပါတယ်။

နွေဦးကတော့သိပ်ချစ်ကျတဲ့ချစ်သူတွေကိုခွဲပြန်ပြီ

အကို့ကောင်မလေး ဂါဝန်ဖြူလေးဝတ်ထားတာကိုတောင် အကိုမမြင်သွားရှာဘူး

Rest in power 🥀💔

ကိုကို ငါမယုံနိုင်သေးဘူးဟာ

တွေ့ဖို့ချိန်းထားသေးတယ်လေ

အခင်းမဖစ်ခင် ၁၀ ခွဲလောက်ထိ သည်းလေး ကိုကို ခနနေ လာပီ တဲ့ ဖုန်းဆက်ပီး

ပျော်နေတဲ့အသံလေး ကြားလိုက် ရသေးတယ်

၁၁ ခွဲလောက် မလာသေးလို့ sms ပို့ ဖုန်းဆက်တော့ ဆက်ပိတ်သွားပီ

ကိုကိုမေမေက သည်းလေးကိုလိမ်တာ သိလား

ကောင်းကောင်း အလုပ်သွားတယ်သမီးလေးရေတဲ့

အင်းပါ ကိုကို အလုပ်သွားတာပါ

သည်းလေး စိတ်မဆိုးရက်ပါဘူး

သည်းလေးကို ဆုံးရှုံးရမာကြောက်တဲ့သူက ကိုကိုလေ

တကယ်ဆုံးရှုံးလိုက်ရတာ သည်းလေး ပါကိုကိုရယ်

ငြိမ်စွာအနားယူပေးပါ တစ်နေ့ပြန်တွေ့ရင်ဒီလိုအဖစ်ဆိုးကြီးနဲ့မကြုံပါရစေနဲ့နော်

သည်းလေး ကိုကို့ ကိုဆုံးရှုံးလိုက်ရပီ

မိုးတွေရွာနေပီကိုကိုရယ်24.4.2021💔”ဆိုပြီး

၀မ်းနည်းထိခိုက်စွာ ရေးသားဖော်ပြလာတာပဲဖြစ်ပါတယ်။

ပြည်သူတွေကလည်း သိပ်ချစ်ရတဲ့ချစ်သူကို ပူပူနွေး‌နွေ းဆုံးရှုံးလိုက်ရတဲ့ ကောင်မလေးအပေါ်

ထပ်တူထပ်မျှခံစားရကြောင်း အားပေးနေတဲ့အကြောင်းတွေကိုလည်း

Comment တွေမှာ ရေးသားပြောထား ကြတာလည်း တွေ့ရပါတယ်..။

ဒီပို့စ်အောက်မှာလည်း အားတင်းထားဖို့ ပြည်သူတွေက ဆုတောင်းပေးထားကြတာဖြစ်ပါတယ်။

အားလုံးလည်းသိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

crd

Leave a Reply

Your email address will not be published. Required fields are marked *