အဖေ စစ် သား ဖြစ်နေ ၍ သား မှ မိဘ အဖြစ် စွန် လွှတ် လိုက်သော ဆရာဝန်

Posted on

လားရှိုးမြို့နေ ပြည်သူများ ကျွန်တော်၏ အပေါင်းအသင် းများနှင့် ဦးဇော်ဝမ်း(အဖေ ဖြစ်ခဲ့ဖူးသူ) သိစေရန်ကျွန်တော် ဒေါက်တာစိုင်းကောင်းထက်ဇော် ၏ ဖခင်အရင်းဖြစ်သူတကက ဇော်ဝမ်း (ထောက်လှမ်းရေး ၉-(ငြိမ်း)) သည် ယခု အချိန်ကာလတွင် စစ်တပ် ထောက်ခံသူ ဖြစ်သည့်အပြင်..မင်းအောင်လှိုင်၏လုပ်ရပ်အား မှန်ကန်သည်ဟု ထောက်ခံ နေပါသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား ပုတ်ခတ် စွပ်စွဲပြောဆိုသည့် ပိုစ့်များ အားလည်း အဆက်မပြတ် တင်လျက်ရှိပါသည် ။

ထို့အပြင် ကျွန်တော့ မိခင်၏ ယခုလက်ရှိ စစ်အာဏာရှင်များ အား မထောက်ခံကြောင်း ဆန္ဒပြမှုများအပေါ် ခြိမ်းခြောက် ဆဲဆိုသည်ကို လည်း သိရပါသည်။

ယခု အချိန်တွင် ဦးဇော်ဝမ်း သည် အာဏာမရှိ လက်နက်မရှိ စစ်တပ် မြဝတီဘဏ် အစောင့် လုပ်နေသော်ညား..ယခင် ထောက်လှမ်းရေးတပ် ၉ စစ်မှုထမ်းဟောင်းများနှင့်

ဖွဲ့စည်းကာ လားရှိုးမြို့ CDM လုပ်နေသူများ..CDM ဦးဆောင်နေသူများ ကိုဖြိုခွင်းမည်ဟု သွေးထိုး စစ်တပ်လော်ဘီ ပို့စ်များအား တွေ့မြင်ရပါသည်။

စစ်အာဏာရှင် ကို ဆန့်ကျင်နေသည့် ကျွန်တော့ အတွက် ဖခင်၏ လုပ်ရပ်များသည် လွန်စွာ အကျည်းတန် ရှက်စရာကောင်းပါသည်။

သို့ဖြစ်ပါ၍ ဖခင်ဖြစ်သူ ဦးဇော်ဝမ်း (ခ)တကက ဇော်ဝမ်း(ြင်မ်း) အား ယနေ့မှစ ကျွန်တော်၏အဖေ အဖြစ် မသတ်မှတ်နိုင်ကြောင်း…၎င်း ပြုပြုသမျှ ကိစ္စအရပ်ရပ်သည်ကျွန်တော် စိုင်းကောင်းထက်ဇော် နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါကြောင်း..၎င်းပြုပြုသမျှ ကိစ္စအဝဝအား

တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ကြေညာအပ်ပါသည်။

(ဆရာဝန်ဖြစ်အောင်ပြုစုပျိုးထောင် ပေးခဲ့သော်လည်း ၎င်း ၏လုပ်ရပ်များ အားအကြိမ်ကြိမ်ဖြောင့်ဖြ သော်လည်း အဆင်မပြေသည့်အတွက် ခြေစုံကန်သည်ဟုလည်းသတ်မှတ်လိုက သတ်မှတ်နိုင်ပါသည်။မိသားစု တစ်စုတစ်စည်းထဲ ပြန်ဖြစ်အောင် ကျွန်တော် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း

မင်းအောင်လှိုင်၏ အာဏာသိမ်းမှု လုပ်ရပ်သည် ကျွန်တော်တို့ မိသားစုအား တစ်ပြိုတစ်ကွဲ ဖြစ်စေခဲ့ပါသည်။)

အကြိမ်ကြိမ်စဉ်းစားကာ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် နှစ်သိမ့်အားပေးခြင်း ဆွေးနွေးဖြောင့်ဖျ ခြင်း သည်းခံပါceleupdatenews

Leave a Reply

Your email address will not be published. Required fields are marked *