ပရိသတ်ကြီးရေ……
သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုက လတ်တလော မှာ တော့ ပြည်သူတွေ ရဲ့ ဆန္ဒနဲ့ အတူ တစ်သားတည်းရှိကာ အားတတ် သရော ပါဝင်လုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ဦး ပဲဖြစ်ပါတယ်။
သုသုကတော့ သူမရဲ့လူမူကွန်ယက် စာမျက်နှာ ထက်တွင်
“အဖေ့ဝဋ်တွေလည်ပြီ…. ကျွန်မတို့ငယ်ငယ် ကည ဘက်ဆို လိုင်းတွေတဂျစ်ဂျစ်မြည်နေတဲ့ ရေဒီယိုလေးရှေ့မှာ
အဖေထိုင်ပြီးနားစိုက်နားထောင်နေတဲ့ အချိန်ဆို ကျွန်မ တို့ညီအစ်မသုံးယောက်ဆော့နေတာတွေ အားလုံးရပ်ပြီး ငြိမ်ငြိမ်လေးနေရတယ်….
အဲဒီ့အချိန်ဆိုစကားလည်းမပြောရဘူး…အော်ပြီးလည်း မရယ် ရဘူး…ခုန်ပေါက်ပြီးတော့လည်းမဆော့ရဘူး….
အဖေကအဲဒီ့ရေဒီယိုလေးရှေ့မှာနားထောင်ရင်း တောက် တခေါက် ခေါက် နဲ့ဒေါသတွေထွက်နေတတ်တယ်….
အမှန်တိုင်းဝန်ခံရရင် ကျွန်မတို့ကလေးတွေက အဲဒီ့ ရေဒီယိုလေးရှေ့မှာ အဖေဒေါသတွေ ထွက်နေပြီဆိုရင် အဖေ့ကိုသိပ်စိတ်ဆိုးတာပဲ
(အဖေ့ဒေါသကပြီးရင် ဆော့နေကြတဲ့ ကိုယ်တွေဘက်ကို မြှားဦး လှည့်တတ်တာကိုး)….
ဒီသေချာလည်းမကြားရတဲ့ တဂျစ်ဂျစ်နဲ့ ရေဒီယို အသေးလေးထဲက လာ တဲ့ RFA ဆိုတဲ့ရေဒီယိုလိုင်းကိုလည်း သိပ်အမြင်ကပ်တာပဲ..
(သူလာတဲ့အချိန်ဆို ကိုယ်တွေမှမဆော့ရတော့တာ)….
အခုတော့ဒီဖုန်းပြားပြားသေးသေးလေးထဲက လူမှုကွန်ယက် ဆိုတာကြီးရဲ့ newsfeed ဆိုတာကြီးကို ကြည့်ရင်း
တောက်တခေါက်ခေါက် သက်ပြင်းတချချ လုပ်မိ နေရင်း တစ်ချိန်က ရေဒီယိုလေးရှေ့မှာ တောက်ခေါက်နေတတ်တဲ့ အဖေ့ကို ပြန်မြင်ယောင်မိတဲ့အချိန်မှာ…..
ကျွန်မသိလိုက်ပြီ….
ကျွန်မ အဖေ့ဝဋ်တွေလည်နေပြီ….
ကျွန်မ သမီးလေးဖြစ်ဖြစ် သားလေးဖြစ်ဖြစ်ရလာခဲ့ရင်….
သူ့အမေ အဲ့သလို ဒေါသတွေကြီးနေရတာကို မမြင်စေချင်ဘူး….
ကျွန်မရဲ့ကလေးလေးကို ကျွန်မရဲ့ဝဋ်တွေ ဆက်မလည်ရပါပဲ နဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ လောကကြီးမှာ ကြီးပြင်းခွင့်ရစေချင်မိတယ်….”
ဆိုတဲ့ စာသားလေးကို ဝေမျှပေးလာတာ ဖြစ်တဲ့အတွက် ပရိသတ် တွေ ဖတ်ရှု့နိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။