အဖိုး ဖြစ်သူ ဦးဇင်ဝိုင်း ပြန်လွတ်လာပြီ ဆိုတဲ့ သတင်းအမှား တွေ ကို ပြန်လည် ဖြေရှင်း လိုက်တဲ့ လေပြေသွေး

Posted on

သရုပ်ဆောင် ဇင်ဝိုင်းကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေတဲ့ လူထု လှုပ်ရှားမှုတွေ မှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ နေ့စဉ် လမ်းပေါ်ထွက်ပြီး ရင်ထဲက ဆန္ဒအမှန်တွေကိုထုတ်ဖော်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သူ့ရဲ့ နေအိမ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးဇင်ဝိုင်းဟာ ၅၀၅ (က) ဖြင့်တရားစွဲဆိုမခံရသေးဘဲ ဖမ်းဆီးခံရတာပါ။

ပရိသတ်တွေကတော့ သူ့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ် ပူပန်နေကြတာ ဖြစ်ပါတယ်။ လတ်တလော မှာလည်း ဦးဇင်ဝိုင်း ပြန်လွတ်လာပြီဆိုပြီး ကောလဟာလသတင်းတွေ ပြန့်နှံ့နေတာ ဖြစ်ပါတယ်။ သူ့ရဲ့မြေးဖြစ်သူ လေပြေသွေးက မကြာသေးခင် နာရီပိုင်းလောက်က လူမှုကွန်ယက် စာမျက်နှာတွင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ရေးသား ဖြေရှင်းလာတာ ဖြစ်ပါတယ်။

လေပြေသွေးကတော့ ” အဘိုးနဲ့အဆက်သွယ် လည်း မရပါဘူး အဘိုးလွတ်လည်းမလွတ်သေးပါဘူး

တစ်ရက်နဲ့တစ်ရက်အကုသိုလ်များ လိုက်တာ 😡 “ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီပို့စ်အောက်မှာလည်း ဦးဇင်ဝိုင်းအမြန်ဆုံး လွတ်မြောက်ပါစေလို့ ပရိသတ်တွေက ဆုတောင်းပေးထားကြတာဖြစ်ပါတယ်။ အားလုံးလည်းသိရှိနိုင်အောင် ဒီသတင်းလေး ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Lay Pyay Thway‘s and Htay Lwin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *