အဖမ်း ခံခဲ့ ရပါက ပြန်လည် လွှတ်ပေးရန် မတောင်းဆို ဖို့ ဖခင်ဖြစ်သူ ကိုယ်တိုင်မှာကြားခဲ့တဲ့ အကြောင်း ကို ပြောပြခဲ့တဲ့ မင်းမော်ကွန်း

Posted on

သရုပ်ဆောင် ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းတို့ သားအဖ နှစ်ယောက် ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ မှန်ကန် တဲ့ ဘက်ကနေ အခုလို မားမားမတ်မတ် ရပ်တည်ပေးခဲ့တာကြောင့် ပရိသတ်တွေအားလုံးက ဝမ်းသာ ဂုဏ်ယူနေကြတာပါ။

ဒီလိုလှုပ်ရှားမှုတွေ ပါဝင်ခဲ့တာကြောင့် မင်းမော်ကွန်း ကတော့ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရပြီး ဦးဇင်ဝိုင်းကိုတော့ ပုဒ်မအတပ်မခံရခင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ လတ်တလောမှာတော့ ဦးဇင်ဝိုင်း ပြန်လည်လွတ်မြောက်လာပြီဆိုပြီး ကောလဟာလ သတင်းတွေ ထွက်ရှိနေတာ ဖြစ်ပါတယ်။ ဒီအကြောင်း အရာနဲ့ပတ်သက်ပြီး မနေ့ညက မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုပဲ ပြန်လည်ဖြေရှင်းလာတာ ဖြစ်ပါတယ်။

” ကျွန်တော့်ပါးစပ်ကနေတောင်မှ

ကျွန်တော့်အဖေကိုလွှတ်ပေးဖို့

တစ်ခွန်းမှမတောင်းဆိုမိပါဘူး

အဖေကလည်း ဒီအတိုင်းပဲ မှာခဲ့ပါတယ်

ခုထက်ထိအဆက်အသွယ်မရပါဘူး

ဆုတောင်းရုံကလွဲလို့

ဘာမှမတတ်နိုင်ပါဘူး

ရပ်တည်မှု မှန်ကန်ဖို့

ကိုယ့်မျက်နှာကိုယ်

မှန်ထဲပြန်ကြည့် မိရင်

ရှက်မနေရဖို့

ကိုယ့်ကြောင့် သားသမီးတွေ

လူရာမဝင်ဖြစ်မနေရဖို့

အဖေရပ်တည်ခဲ့သလို

ကျွန်တော်လည်းရပ်တည်ပါတယ်

ဒီလောက်ပါပဲ ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *