အဖက်ဖက်က အခက်အခဲ ဖြစ်နေတဲ့အချိန်လေးမှာ လိုအပ်နေတဲ့ မိသားစုတွေ အတွက် တက်နိုင်တဲ့ ဘက်ကနေ ကူညီထောက်ပံ့တဲ့ လှူဒါန်းမှု ကို ထပ်မံပြုလုပ်ခဲ့တဲ့ ခန့်စည်သူ

Posted on

အနုပညာလောကမှာ လေးစားအားကျပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားတဲ့ သူက တော့ ဝါရင့်မင်းသားကြီး ခန့်စည်သူပဲဖြစ်ပါတယ်။ ခန့်စည်သူဟာ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့လုပ်ကိုင်နေတဲ့ အပြင် လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတစ်ပါးကို အမြဲကူညီပေးတတ်ပြီး အလှူအတန်းတွေ ကိုလည်း ရက်ရက်ရောရော လှူဒါန်းပေးခဲ့တာ တွေ့မြင်ရပါတယ်။

ခန့်စည်သူရဲ့ အလှူလေးတွေကလည်း တခြားအလှူရှင်တွေနဲ့ စုပေါင်း ကာ ဘယ်နေရာဒေသမဆို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းပေးကာ မှတ်တမ်းတင် ပုံရိပ်လေးတွေကို ပရိသတ်တွေထပ်တူထပ်မျှ ကြည်နူးပီတိဖြစ်ရအောင် အမြဲဖော်ပြပေးပါတယ်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ခန့်စည်သူက ပရိသတ်တွေကြည်နူးပီတိဖြစ်စေမယ့် အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များကို တခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ခန့်စည်သူက ပြောပြထားရာမှာလည်း ” သင်္ဃန်းကျွန်းမြို့နယ် (င/က)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၁၆)စု တို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆) ပြည်၊ဆီတစ်ဗူး၊ငွေကျပ် (၃၀၀၀)စီနှင့်ထမင်းကြော်ဘူး (၄၀၀) ကို လှူဒါန်းခဲ့ပါတယ်….ခက်ခဲ ရှားပါးနေတဲ့ ကြားထဲက ပါဝင်လှူဒါန်းပေးကြသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်….Sumyat Myat Grace Htwe အလှူရှင်များ ကျန်းမာ၊ချမ်းသာကြပါစေ”ဆိုပြီးရေးသားထားပါသေးတယ်။ ကဲ….ပရိသတ်ကြီးရေ အဖက်ဖက်က အဆင်မပြေတဲ့အချိန်လေးမှာ မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ခန့်စည်သူကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

Photo Credit – Kyaw Soe Win fb account

Leave a Reply

Your email address will not be published. Required fields are marked *