ဒါရိုက်တာကိုပေါက် ကတော့ အောင်မြင် လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောက မှာ နေရာ တစ်ခုကိုရယူထားကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။
ကိုပေါက်က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း တစ်ထောင့်တစ်နေရာကနေ အားကြိုးမာန်တက်ပါဝင်ကာ လူထု လှုပ်ရှားမှုတွေမျိုးစုံကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ ကိုပေါက် က စစ်အာဏာရှင်တစ်စုက ဖမ်းဝရမ်းထုတ်ထားတာမို့ ချစ်ရတဲ့ မိသားစုနဲ့ ခွဲနေရ တာလည်းဖြစ်ပါတယ်။
ဒါပေမယ့် အပြင်ထွက်လာလို့ မရရင်လည်း ရောက်တဲ့ အရပ်ကနေ အာဏာရှင်ကို ဆန့်ကျင်မယ်ဖြစ်ကြောင်းကို ခုလို ပြတ်ပြတ်သားသားရေးသားဖော်ပြခဲ့ပြန်ပါတယ်။” အပြင်ထွက်လာလို့မရရင်လည်း ရောက်ရာအရပ်က အာဏာရှင်ကိုဆန့်ကျင်မယ်။ CDM ကိုအင်အားကျမသွားအောင် ဝန်ထမ်းများကူညီပေးကြပါအရေးတော်ပုံကြီးအောင်တော့မှာပါ။ အားမကုန်စေနဲ့ အားတင်းထား။” ဆိုတဲ့စာလေးပဲ ဖြစ်ရာ လေးစားမိလွန်းတာကြောင့်ပြန်လည်မျှဝေပေးလိုက်ပါ တယ်။
Credit– Cele Zone
Photo – Aung Min Naing
zawgyi
ဒါ႐ိုက္တာကိုေပါက္ ကေတာ့ ေအာင္ျမင္ လ်က္ရွိေနတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး အႏုပညာေလာက မွာ ေနရာ တစ္ခုကိုရယူထားကာ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကိုအခိုင္အမာရယူထားႏိုင္ခဲ့ပါတယ္။
ကိုေပါက္က ခုျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီးလည္း တစ္ေထာင့္တစ္ေနရာကေန အားႀကိဳးမာန္တက္ပါဝင္ကာ လူထု လႈပ္ရွားမႈေတြမ်ိဳးစုံကို တက္တက္ႂကြႂကြလုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ကိုေပါက္ က စစ္အာဏာရွင္တစ္စုက ဖမ္းဝရမ္းထုတ္ထားတာမို႔ ခ်စ္ရတဲ့ မိသားစုနဲ႔ ခြဲေနရ တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္ အျပင္ထြက္လာလို႔ မရရင္လည္း ေရာက္တဲ့ အရပ္ကေန အာဏာရွင္ကို ဆန႔္က်င္မယ္ျဖစ္ေၾကာင္းကို ခုလို ျပတ္ျပတ္သားသားေရးသားေဖာ္ျပခဲ့ျပန္ပါတယ္။” အျပင္ထြက္လာလို႔မရရင္လည္း ေရာက္ရာအရပ္က အာဏာရွင္ကိုဆန႔္က်င္မယ္။ CDM ကိုအင္အားက်မသြားေအာင္ ဝန္ထမ္းမ်ားကူညီေပးၾကပါအေရးေတာ္ပုံႀကီးေအာင္ေတာ့မွာပါ။ အားမကုန္ေစနဲ႔ အားတင္းထား။” ဆိုတဲ့စာေလးပဲ ျဖစ္ရာ ေလးစားမိလြန္းတာေၾကာင့္ျပန္လည္မွ်ေဝေပးလိုက္ပါ တယ္။
Credit– Cele Zone
Photo – Aung Min Naing