အပန်းဖြေ ဥယျာဉ် မှာ အဝတ် ဗလာ ဖြင့် ဓာတ်ပုံ ရိုက် ခဲ့ သည့် မိန်းကလေး

Posted on

အပန်းဖြေ ဥယျာဉ်ဆိုတာ မိသားစုတွေ ၊ ကလေးတွေ အတူတကွ လာ ရောက် အပန်း ဖြေတဲ့ နေရာပါ ။

သို့ပေမဲ့ လည်း ဒီတစ်ခေါက် ဖော်ပြမဲ့ မိန်းကလေး ကတော့ အဆိုပါ အပြစ် ကင်းစင်ပြီး ပျော်ရွှင် ဖို့ ကောင်းတဲ့ နေရာကို ဆိုးဝါးအောင် ပြုလုပ် လိုက်တာပါပဲ ။

တရုတ်နိုင်ငံက Zhang အမည် ရှိတဲ့ အမျိုးသမီးဟာ သူမကိုယ်သူမ အလွန် ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေး လို့ တွေးထင်ပြီးနောက် Xue အမည်ရှိတဲ့ ဓာတ်ပုံဆရာကို ငှါးရမ်းပြီး တရုတ်နိုင်ငံ ၊ Guangxi ဒေသမှာရှိတဲ့ ကလေးတွေ ရဲ့ အပန်းဖြေ ဥယျာဉ်မှာ အဝတ်ဗလာဖြင့် ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။

သူမက မသိတာလား ၊ သတိမထားမိတာလား မသဲကွဲပါဘူး ။

ဘာလို့လည်းဆိုတော့ အများပြည်သူပိုင် နေရာမှာ အဝတ်ဗလာ နဲ့ နေရင် ဥပဒေအရ အရေးယူခြင်း ခံရနိုင်လို့ပါဘဲ ။ ထို့ကြောင့် သူမနဲ့ ဓာတ်ပုံဆရာ နှစ်ဦးစလုံးဟာ အများပြည်သူပိုင် နေရာမှာ အဝတ်ဗလာနှင့် ဓာတ်ပုံ ရိုက်ခဲ့ကြလို့ ထောင်ဒဏ် 5ရက်စီ အသီးသီး ချမှတ် ခံခဲ့ရပါတယ်။

Zhang ဟာ အဆိုပါ ဓာတ်ပုံကို ချားရဟတ်ပေါ်မှာ တစ်ယောက် တစ်ကန့်စီ စီးပြီး ရိုက် ယူခဲ့ကြတာ ဖြစ်ပါတယ် ။

ထို့အပြင် အဆိုပါ အပန်းဖြေ ဥယျာဉ်မှာ တာဝန် ကျနေကြတဲ့ ဝန်ထမ်းများ ကလည်း သူမ တို့ ဓာတ်ပုံ ရိုက်ကူးနေခဲ့ ကြတာကို သတိမထားမိလို့ မသိခဲ့ကြောင်းလည်း ပြောဆိုသွားခဲ့ကြပါတယ် ။

မည်သို့ပင် ဖြစ်စေကာမူ ကလေးငယ်များ အပန်းဖြေနေတဲ့ နေရာကို ယခုလို ရုပ်ဆိုး လွန်းလှ တဲ့ အပြုအမူမျိုး မပြုလုပ်သင့်ကြောင်း လူအများက ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

Source: worldofbuzz

zawgyi

အပန္းေျဖ ဥယ်ာဥ္ဆိုတာ မိသားစုေတြ ၊ ကေလးေတြ အတူတကြ လာ ေရာက္ အပန္း ေျဖတဲ့ ေနရာပါ ။

သို႔ေပမဲ့ လည္း ဒီတစ္ေခါက္ ေဖာ္ျပမဲ့ မိန္းကေလး ကေတာ့ အဆိုပါ အျပစ္ ကင္းစင္ၿပီး ေပ်ာ္႐ႊင္ ဖို႔ ေကာင္းတဲ့ ေနရာကို ဆိုးဝါးေအာင္ ျပဳလုပ္ လိုက္တာပါပဲ ။

တ႐ုတ္ႏိုင္ငံက Zhang အမည္ ရွိတဲ့ အမ်ိဳးသမီးဟာ သူမကိုယ္သူမ အလြန္ ဆြဲေဆာင္မႈ ရွိတဲ့ မိန္းကေလး လို႔ ေတြးထင္ၿပီးေနာက္ Xue အမည္ရွိတဲ့ ဓာတ္ပုံဆရာကို ငွါးရမ္းၿပီး တ႐ုတ္ႏိုင္ငံ ၊ Guangxi ေဒသမွာရွိတဲ့ ကေလးေတြ ရဲ႕ အပန္းေျဖ ဥယ်ာဥ္မွာ အဝတ္ဗလာျဖင့္ ဓာတ္ပုံ ႐ိုက္ခဲ့ၾကပါတယ္။

သူမက မသိတာလား ၊ သတိမထားမိတာလား မသဲကြဲပါဘူး ။

ဘာလို႔လည္းဆိုေတာ့ အမ်ားျပည္သူပိုင္ ေနရာမွာ အဝတ္ဗလာ နဲ႔ ေနရင္ ဥပေဒအရ အေရးယူျခင္း ခံရႏိုင္လို႔ပါဘဲ ။ ထို႔ေၾကာင့္ သူမနဲ႔ ဓာတ္ပုံဆရာ ႏွစ္ဦးစလုံးဟာ အမ်ားျပည္သူပိုင္ ေနရာမွာ အဝတ္ဗလာႏွင့္ ဓာတ္ပုံ ႐ိုက္ခဲ့ၾကလို႔ ေထာင္ဒဏ္ 5ရက္စီ အသီးသီး ခ်မွတ္ ခံခဲ့ရပါတယ္။

Zhang ဟာ အဆိုပါ ဓာတ္ပုံကို ခ်ားရဟတ္ေပၚမွာ တစ္ေယာက္ တစ္ကန႔္စီ စီးၿပီး ႐ိုက္ ယူခဲ့ၾကတာ ျဖစ္ပါတယ္ ။

ထို႔အျပင္ အဆိုပါ အပန္းေျဖ ဥယ်ာဥ္မွာ တာဝန္ က်ေနၾကတဲ့ ဝန္ထမ္းမ်ား ကလည္း သူမ တို႔ ဓာတ္ပုံ ႐ိုက္ကူးေနခဲ့ ၾကတာကို သတိမထားမိလို႔ မသိခဲ့ေၾကာင္းလည္း ေျပာဆိုသြားခဲ့ၾကပါတယ္ ။

မည္သို႔ပင္ ျဖစ္ေစကာမူ ကေလးငယ္မ်ား အပန္းေျဖေနတဲ့ ေနရာကို ယခုလို ႐ုပ္ဆိုး လြန္းလွ တဲ့ အျပဳအမူမ်ိဳး မျပဳလုပ္သင့္ေၾကာင္း လူအမ်ားက ေဝဖန္ ေျပာဆိုခဲ့ၾကပါတယ္။

Source: worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *