အန္တရာယ် လွတ် အောင် ပြေးရင်း လွှားရင်း ဆန္ဒထုပ်ဖော် ခဲ့ရ တဲ့ ပိုင်တံခွန်

Posted on

ပရိသတ်အချစ်တော် နှုတ်ခမ်းနီမလေး တွေ ရဲ့ အသဲစွဲ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေပြီး တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့် လုပ်ဆောင်နေတာ တွေ့ရပါတယ်နော်။

ဒီနေ့ထိ နေ့တိုင်းလမ်းပေါ်ထွက်ပြီး လူထု လှုပ်ရှားမှု ပြုလုပ်နေရတာ လည်းဖြစ်ပါတယ် ။ဆန္ဒထုတ်ဖော် ယုံသာမက သူချစ်ရတဲ့ ပြည်သူတွေကို မထိခိုက်နိုင်အောင် အကာအကွယ်ပစ္စည်း စုံစုံလင်လင်နဲ့ ရှေ့ကနေ စောင့်ရှောက်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် လိုက်နာရမယ့် အကြောင်းအရာနဲ့ သတင်းတွေ ကိုလည်း အဆက်အပြတ် ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း အတိုက် အခိုက်တွေ ကြားကနေ အန္တရာယ် လွတ်အောင်ပြေးလွှားရင်း ဆန္ဒ ထုတ်ဖော်ခဲ့ ရတဲ့ ဗီဒီယိုလေးကို သူရဲ့ ဖေ့စ်ဘွတ်ခ် Page မှာ ဖော်ပြခဲ့ပြန်ပါတယ်။ ဗီဒီယိုလေးကြည့်ပြီး စိုးရိမ်ကြောက်လန့်မိသလို ရှေ့ကနေ ရဲဝင့်စွာ ရပ်တည်နေတာကြည့်ပြီး လေးစားမိတာ အမှန်ပါပဲနော်။ ပရိသတ်ကြီး အတွက် ပိုင်တံခွန်ရဲ့ ဗီဒီယိုလေး ကို မျှဝေပေး လိုက်ပါတယ်။

crd

zawgyi

ပရိသတ္အခ်စ္ေတာ္ ႏႈတ္ခမ္းနီမေလး ေတြ ရဲ႕ အသဲစြဲ ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ လတ္တေလာမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ နဲ႔ပတ္သက္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ တစ္သားတည္းရပ္တည္ကာ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၿပီး တတ္ႏိုင္တဲ့ ဘက္ကေန အားျဖည့္ လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္ေနာ္။

ဒီေန႔ထိ ေန႔တိုင္းလမ္းေပၚထြက္ၿပီး လူထု လႈပ္ရွားမႈ ျပဳလုပ္ေနရတာ လည္းျဖစ္ပါတယ္ ။ဆႏၵထုတ္ေဖာ္ ယုံသာမက သူခ်စ္ရတဲ့ ျပည္သူေတြကို မထိခိုက္ႏိုင္ေအာင္ အကာအကြယ္ပစၥည္း စုံစုံလင္လင္နဲ႔ ေရွ႕ကေန ေစာင့္ေရွာက္ေပးခဲ့တာလည္း ျဖစ္ပါတယ္ ။ ဒါ့အျပင္ လိုက္နာရမယ့္ အေၾကာင္းအရာနဲ႔ သတင္းေတြ ကိုလည္း အဆက္အျပတ္ ေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။

အခုလည္း အတိုက္ အခိုက္ေတြ ၾကားကေန အႏၲရာယ္ လြတ္ေအာင္ေျပးလႊားရင္း ဆႏၵ ထုတ္ေဖာ္ခဲ့ ရတဲ့ ဗီဒီယိုေလးကို သူရဲ႕ ေဖ့စ္ဘြတ္ခ္ Page မွာ ေဖာ္ျပခဲ့ျပန္ပါတယ္။ ဗီဒီယိုေလးၾကည့္ၿပီး စိုးရိမ္ေၾကာက္လန္႔မိသလို ေရွ႕ကေန ရဲဝင့္စြာ ရပ္တည္ေနတာၾကည့္ၿပီး ေလးစားမိတာ အမွန္ပါပဲေနာ္။ ပရိသတ္ႀကီး အတြက္ ပိုင္တံခြန္ရဲ႕ ဗီဒီယိုေလး ကို မွ်ေဝေပး လိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *