အန္တရာယ်တွေ ကြားကနေ ဆိုင်ကယ် နဲ့ မရမက သွားပြီး ကျည်ထိနေ တဲ့ လူနာ ကို ကူညီ ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းများ

Posted on

အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ ရင်တွင်းဆန္ဒတွေကို ဆက်လက် ထုတ်ဖော်နေဆဲ ဖြစ်သလို မြန်မာနိုင်ငံအနှံ့အပြားမှာလည်း သေဆုံးမှုတွေ တစ်နေ့တခြား မြင့်တက်နေတာ ဖြစ်ပါတယ် ။ အသက်ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေအပါအဝင် အားလုံးက ထပ်တူ ထပ်မျှ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ဒဏ်ရာရရှိတဲ့ ပြည်သူတွေကိုလည်း ဆေးအဖွဲ့က တတ်နိုင်သလောက် ကုသကယ်တင်ပေးသလို ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ခက်ခက် ခဲခဲ ကူညီပေးနေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ မတ်လ (၂၁) ရက်နေ့ကလည်း လူမှု ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က လူနာ တစ်ယောက်ကို အန္တရာယ်ကြားကနေ ဆိုင်ကယ်နဲ့ရအောင် ကယ်တင်ခဲ့တာ ဖြစ်ပါတယ် ။ ကျည်ထိမှန်ထားတဲ့ ရဟန်းတစ်ပါးကို စွန့်စွန့်စားစား သွားရောက်ကယ်ပေးခဲ့တဲ့ သူတို့အဖွဲ့ရဲ့လုပ်ရပ်ကို အားလုံးက ချီးကျူး နေကြတာ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ ပြည်သူတွေအသက်ရှင်ဖို့အတွက်သာ ဦးစားပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

နောက်ဆုံးမှာ တော့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အကူအညီကြောင့် ဝမ်းဗိုက်ကျည်ထိမှန်ထားတဲ့လူနာကို ကုသရေးဆရာဝန်အဖွဲ့ထံ ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဖြိုခွင်းခံနေရတဲ့အချိန်မှာတောင် ဆိုင်ကယ်နဲ့မရမက သွားကယ်ခဲ့တဲ့ သူတို့ အဖွဲ့ရဲ့ပုံရိပ်တွေက တကယ့်ကို လေးစားချင်စရာ ကောင်းလှပါတယ်။ ဒီပုံတွေကို မျှဝေခဲ့တဲ့သူကလည်း မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အရေးကြုံရင် သူတို့ကိုဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ရန်အတွက် ဖုန်းနံပါတ်တွေကိုပါ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Min Wai Yan Aung’s FB Acc

zawgyi

အခုခ်ိန္မွာေတာ့ ျပည္သူေတြက သူတို႔ရဲ႕ ရင္တြင္းဆႏၵေတြကို ဆက္လက္ ထုတ္ေဖာ္ေနဆဲ ျဖစ္သလို ျမန္မာႏိုင္ငံအႏွံ႔အျပားမွာလည္း ေသဆုံးမႈေတြ တစ္ေန႔တျခား ျမင့္တက္ေနတာ ျဖစ္ပါတယ္ ။ အသက္ဆုံးရႈံးလိုက္ရတဲ့ ျပည္သူေတြအတြက္ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ေတြအပါအဝင္ အားလုံးက ထပ္တူ ထပ္မွ် စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္ ။ ဒဏ္ရာရရွိတဲ့ ျပည္သူေတြကိုလည္း ေဆးအဖြဲ႕က တတ္ႏိုင္သေလာက္ ကုသကယ္တင္ေပးသလို ကယ္ဆယ္ေရးအဖြဲ႕ေတြကလည္း ခက္ခက္ ခဲခဲ ကူညီေပးေနတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ မတ္လ (၂၁) ရက္ေန႔ကလည္း လူမႈ ကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႕က လူနာ တစ္ေယာက္ကို အႏၲရာယ္ၾကားကေန ဆိုင္ကယ္နဲ႔ရေအာင္ ကယ္တင္ခဲ့တာ ျဖစ္ပါတယ္ ။ က်ည္ထိမွန္ထားတဲ့ ရဟန္းတစ္ပါးကို စြန္႔စြန္႔စားစား သြားေရာက္ကယ္ေပးခဲ့တဲ့ သူတို႔အဖြဲ႕ရဲ႕လုပ္ရပ္ကို အားလုံးက ခ်ီးက်ဴး ေနၾကတာ ျဖစ္ပါတယ္ ။ သူတို႔ရဲ႕အသက္ကိုေတာင္ ပဓာနမထားဘဲ ျပည္သူေတြအသက္ရွင္ဖို႔အတြက္သာ ဦးစားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

ေနာက္ဆုံးမွာ ေတာ့ ကယ္ဆယ္ေရးအဖြဲ႕ရဲ႕ အကူအညီေၾကာင့္ ဝမ္းဗိုက္က်ည္ထိမွန္ထားတဲ့လူနာကို ကုသေရးဆရာဝန္အဖြဲ႕ထံ ပို႔ေဆာင္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္ ။ ၿဖိဳခြင္းခံေနရတဲ့အခ်ိန္မွာေတာင္ ဆိုင္ကယ္နဲ႔မရမက သြားကယ္ခဲ့တဲ့ သူတို႔ အဖြဲ႕ရဲ႕ပုံရိပ္ေတြက တကယ့္ကို ေလးစားခ်င္စရာ ေကာင္းလွပါတယ္။ ဒီပုံေတြကို မွ်ေဝခဲ့တဲ့သူကလည္း မႏၲေလးတိုင္းေဒသႀကီးမွာရွိတဲ့ ျပည္သူေတြအေနနဲ႔ အေရးႀကဳံရင္ သူတို႔ကိုဆက္သြယ္ၿပီး အကူအညီ ေတာင္းခံႏိုင္ရန္အတြက္ ဖုန္းနံပါတ္ေတြကိုပါ ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Min Wai Yan Aung’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *