အန္တရာယ်တွေကြား ထဲမှာတောင် အလှူရှင်တွေ ရဲ့ စေတနာကို သိတတ်ပြီး သံပြိုင် ဟစ်ကြွေးကာ ဆုမွန်ကောင်းတောင်းပေးနေကြတဲ့ လူငယ်တစ်စု ရဲ့ ဗီဒီယို

Posted on

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် လူငယ်အများစုကပဲ ရှေ့ဆုံးကနေ တက်တက် ကြွကြွ နဲ့ဦးဆောင်နေကြတာဖြစ်ပါတယ်။လမ်းပေါ်ထွက်လာရင် အသက်အန္တရာယ်မလုံခြုံမှန်းသိသော်လည်း လူငယ်တွေကတော့ကြောက်သွေးမပါကြဘဲ သတ္တိအပြည့်နဲ့ ရင်ဆိုင်နေကြတာကြောင့် အရမ်း လေးစားစရာ ကောင်းကြပါတယ်။ယနေ့ အချိန်ထိဆိုရင် ကျဆုံးသူရဲကောင်းတွေလည်း အယောက်(၃၀၀)ကျော်နေပြီဖြစ်ပေမယ့် လူထုလှုပ်ရှားမှုတွေကိုတော့ မြို့နယ်အသီးသီးမှာ နေ့စဉ်ရက်ဆက်တွေ့မြင်နေရဆဲဖြစ်ပါတယ်။

လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့လူငယ်တွေအတွက်လည်း ပြည်သူတွေက အဟာရပြည့်မယ့် စားစရာ၊ သောက်စရာတွေကိုအမြဲလှူဒါန်းပြီး လိုအပ်သမျှအကူအညီတွေကိုလည်းပေးနေကြတာဖြစ်ပါတယ်။လူငယ်တွေကတော့ သူတို့ကိုကူညီဖေးမပေးပြီး အစားအသောက်တွေလှူဒါန်းပေးတဲ့စေတနာရှင်တွေရဲ့ကျေးဇူ းကိုလည်း သိတတ်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်တစ်စုက ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံရင်ဆိုင်နေရင်း ခေါက်ဆွဲကြော်လာကျွေးတဲ့အလှူရှင်ရှိလို့ အတူတူမျှဝေစားသောက်နေကြတာပဲဖြစ်ပါတယ်။

လူငယ်တွေကတော့ သူတို့အတွက် စားစရာ၊သောက်စရာတွေလှူဒါန်းပေးကြတဲ့ အလှူ ရှင်တွေ ကို “ကျန်းမာပါစေ၊ချမ်းသာပါစေ”ဆိုပြီး ဆုမွန်ကောင်းတောင်းပေးနေကြတာဖြစ်ပါတယ်။အခုလိုမျိုး အန္တရာယ်တွေကြားထဲမှာတောင် အလှူရှင်တွေရဲ့စေတနာကို သိတတ်နေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်း သူတို့အတွက် တစ်ထောင့်တစ်နေရာကနေကူညီဖေးမပေးနေတဲ့ ပြည်သူတွေကြောင့် ခွန်အားအပြည့်နဲ့ဆက်လက်ရင်ဆိုင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Video Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *