အနော်ရထာ မင်း ၏ ထူးဆန်း သော အိမ်မက် ကြီး (၃) ခု နှင့် နောက် ထပ် ပေါ်မည့် သာသနာပြု မင်းလောင်း

Posted on

ဓမ္ပဒီပတိုင်း ပုဂံပြည့်ရှင် အနော်ရထာမင်း သည် သူနတ်ရွာမစံမီ (၇) ရက် အလို တွင် ထူးဆန်းသောအိမ် မက်ကြီးသုံးခုကို မက်လေသည်။

ပထမအိမ်မက် – အနော်ရထာမင်း ၏ နန်းတော် အုတ်တံတိုင်းတို့သည် ပြို ကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး

ထိုမီးတောက်ထဲမှ ရဲမက် တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းကို ပြန် ထောင် လေသည်။

ဒုတိယအိမ်မက် – အနော်ရထာမင်း၏ နန်းတော်သည် လည်းပြိုကျလေသည်။ ထိုအခါ နန်းတော် အနောက်တွင် ရှိသော

မီးဖိုထဲ မှ မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည် တည်ဆောက်ပေး လေသည်။

တတိယအိမ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသော အခါ ကောင်းကင်ယံ ၌ မြတ်စွာဘုရားတည်ရှိနေပြီး

မြေကြီးပေါ်တွင် နန်းတော်ပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ ရေကြည်တို့သည်လည်း မီးနှင့်ရောထွေးကာ နန်းတော်အပြင်ထိသို့ပါ လျှံကာထွက်လေသည်။

ထိုမီးအလျှံ ရေအလျှံတို့သည် အနော်ရထာမင်းအားမြုပ်ပြီးနောက် ထိုထဲမှ လူသားတစ်ပါးထွက်လာကာ မြတ်စွာဘုရားရှင်အား

ဦးတိုက်ရှိခိုးလေသည်။နောက်နေ့မနက်တွင် အနော်ရထာမင်းသည် ပုရော ဟိတ်ပုဏ္ဍား အား သူ၏ အိမ်မက် (၃) ခုမေးလေသည်။

ပုရောဟိတ် လည်းထိုအိမ်မက် (၃) ခုအား သေချာ ဆင်ခြင်ပြီး တွက်ဆကာ အနော်ရထာမင်းအား သံတော်ဦးတင်လေသည်။

အရှင်မင်းကြီး “ပထမ “အိမ်မက်သည် နောင်သောကာလ ၌ ပုဂံပြည်ကြီးသည် ပျက်စီးယိုယွင်း ပြီးနောက် အရှင်မင်းကြီး

တည်ထောင်စုစည်းထားသော ပြည်သည် တကွဲတပြားဖြစ်လိမ့်မည်။ ထိုတကွဲတပြား ဖြစ်သောပြည်အား အရှင်မင်းကဲ့သို့ သော

ဘုန်းကံရှိသော မင်းတစ်ပါးမှ ပြန်လည်စုစည်း တည်ထောင်လိမ့်မယ်။

“ဒုတိယ” အိမ်မက်သည် ဤပြည်ထောင်သည် မညီညွတ်မှု့ များစွာ ရှိလာပြီး အရပ်လေးမျက်နှာကွဲနေသော

ဤပြည်ထောင်အား သူတစ်လူငါတစ်မင်း အုပ်ချုပ်လတ္တံ။ ထိုအခါ မညီညွတ်သော ပြည်ထောင်အား ပြန်လည်စုစည်းမည့် ဒုတိယ မင်းတစ်ပါးပေါ်ပေါက်လာမည်ဖြစ်သည်။

တတိယအိမ်မက် – အရှင်မင်းကြီး တတိယအိမ်မက်သည်ကား အလွန်ထူးမြတ်လေသည်။ဤပြည်ထောင်သည်

မပြိုမကွဲ မပျက်စီးသော ကာလဝယ် အရှင်မင်းကြီးကဲ့ သို့သော ဘုန်းကံကြီးသော သာသနာပြုမင်းတစ်ပါးပေါ်လိမ့်မယ်။

မြတ်ဗုဒ္ဓအားကြည်ညိုသော ထိုမင်းသည် မြတ်ဗုဒ္ဓ သာသနာအား ဤပြည်ထောင်သာမကပဲ ဇမ္မူတခွင်ဖြန့်လိမ့်မယ်အရှင်မင်းကြီးဘုရား။

ထိုအခါ အနော်ရထာမင်းကြီးလည်း ကောင်းလေစွ ကောင်းလေစွ ပုရောဟိတ်ကြီး ငါကြည်ညိုတော်မူသော ….

မြတ်ဗုဒ္ဓ၏ စစ်မှန်သောတရား တော်ကို ဇမ္မူတခွင်အထိပါဖြန့်မယ့် မင်း တစ်ပါးပေါ်ထွန်းလာဦးမှာကို ငါကိုယ်တော်မြတ်

အတိုင်းမသိဝမ်းသာတော်မူတယ်။ အနော်ရထာမင်းလည်း နှစ်သက်တော်မူသဖြင့် ပုရောဟိတ်အား ရွေတပြည် /

ဆင် ခုနှစ်ကောင်/ မြင်းရှစ်ဆယ် အားချီးမြင့်ကာ သထုံမြို့မှ ရှိသော အကောက်ခွန်တို့အား အပိုင်စားစေသည်။

နောက်နေ့မနက်တွင်ကား အနော်ရထာမင်းကြီးမှ သူ၏ လေသာဆောင်သို့ ပုရောဟိတ်အား ဆင့်ခေါ်ကာ

သာသနာပြုမင်း အကြောင်းအားမေးလေသည်။မနေ့က နန်းဆောင်တွင် မှုးမတ် စစ်သည်ဗိုလ်ပါ တို့ရှိ ၍

ရာဇ အိန္ဒြေဆောင်ကာမမေးမြန်းပဲ ဒီနေ့တွင်သာ လေသာဆောင်တွင်မေးလေသည်။

ဟဲ့ ပုရောဟိတ်ကြီး သာသနာပြုမင်းက ငါကိုယ်တော်မြတ်မရှိသည့်နောက်ပိုင်း ဘယ်ခေတ်မှာ ပေါ်မလဲကွဲ့။

မှန်ပါအရှင်မင်းကြီး ဘုရားသာသနာ ငါးထောင်ရှိတွင် ဝိမုတ္တိယုသ ခေတ် ၂ ခေတ်ရှိပါတယ်။

သာသနာနှစ် ၂၅၀၀ တွင် ခေတ်ငါးခေတ် ရှိပြီး တစ်ခေတ်တွင် နှစ်ငါးရာရှိပါတယ်။

မြတ်စွာဘုရား ပွင့်ထွန်းသောကာလနဲ့နောက်ပိုင်း ပထမ ဝိမုတ္တ္တိယုသ ခေတ် နှစ်ငါးရာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် သာသနာ ၂၅၀၀ ကျော်ရင် ဒုတိယ ဝိမုတ္တိယုသခေတ် နှစ်ငါးရာ ပြန်စပါမယ်ဘုရား။

ဒုတိယ ဝိမုတ္တိယုသခေတ် မှာ သာသနာပြုမင်းပေါ်ပါမယ် အရှင်မင်းကြီး ။ဒါဆို သာသနာပြုမင်းက

မြတ်စွာဘုရားရဲ့ သာသနာ ၂၅၀၀ နဲ့ ၂၆၀၀ ကြားပေါ်မှာလား ပုရောဟိတ်ကြီး။

မှန်ပါဘုရား နက္ခတာယာ လမ်းကြောင်းအရ အဝိဇ္ဇာကင်းစင်သော သာသနာနှစ် ၂၆၀၀ နားနီးမှာပေါ်မှာပါဘုရား။

ထိုမင်းလက်တွင် ဤပြည်သည် တစ်ရာ့တစ်ပါးသော တိုင်းနိူင်ငံတို့တွင် ထင်ရှားဧကန် ဘုန်းမီးနေလတောက်ပလိမ့်ဖြစ်ပါလိမ့်မည်။

တစ်ရာ့တစ်ပါးသော မင်းများလည်း ထိုမင်းအား လေးစား ဦးခိုက် ကြလိမ့်မည်။ အနော်ရထာမင်းလည်း

အားရသဖြင့် နဝရတ် လက်စွပ်ကို ပုရောဟိတ်အား ထပ်မံ ချီးမြင့်လေသည်။

ဦးမြင့်ခိုင် / SaiMyoWin

Leave a Reply

Your email address will not be published. Required fields are marked *