စစ်ကောင်စီ ရဲ့ မျိုးဆက် သားသမီးများ ထဲမှ အနုပညာရှင်များ၊ ဆက်စပ် ပတ်သက်နေ တဲ့ စီးပွား ရေး လုပ်ငန်းများ၊ လက်တွဲ လုပ်ကိုင် ကြသူများ၊ ဆိုရှယ်မီဒီယာမှာ လူအများအား
သတင်းအမှား ပေးနေကြတဲ့ Influencer များကို ပြည်သူ လူထုက Boycott (သပိတ်မှောက်) လုပ်ခြင်း ၊ Social Punishment (လူမှုရေးပြစ်ဒဏ်) လုပ်ခြင်း များကို ပြုလုပ် လာကြပါတယ်။
လတ်တလောမှာတော့ Social Punishment လုပ် မယ့် စာရင်း ထဲ မှာ ပါဝင်နေတဲ့ အနုပညာ ရှင်များ၊ Influencer များ စာရင်းကိုလည်း ပြုလုပ်ထားတာ တွေ့ရပါတယ်။
စစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို အားပေးအားမြှောက် ပြုလုပ်သော သူများ၊ လက်ရှိ အခြေအနေအ ပေါ်
နှုတ်ဆိတ်နေကြသူများကို အဆိုပါ စာရင်းထဲ ထည့်ထားပြီး ပြည်သူများက ဝက်ဘ်ဆိုက် တခု ပြုလုပ်ကာ စုစည်းထားတာ တွေ့ရပါတယ်။
အဆိုပါ ဝက်ဘ်ဆိုက်ကတော့ www.socialpunishment.com ဖြစ်ပြီး ဒီထဲမှာ နာမည်များ နဲ့ တ ကွ သူတို့ရဲ့ အချက်အလက်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Y3llO၊ ကိုဗစ်ကာလအစမှာ ပညာ ပေး ဗီဒီယိုအတို ရိုက်ကူးရင်း လူသိများလာသူ Dr.Laurel (ခိုင်စံပယ်သန်း)၊ Social Influencer ခိုင်ငွေနှင်းဇော် အစရှိ သူတို့ ပါရှိပါတယ်။
ဒီလို Social Punishment (လူမှုရေးပြစ်ဒဏ်) လုပ်ခြင်းကို အားပေး ထောက်ခံ ကြတဲ့ အနုပ ညာရှင် များစွာလည်း ရှိပြီး၊ သူတို့ကိုယ်တိုင်လည်း စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်း များကို ကြော်ငြာ ပေးခြင်းနဲ့ ရိုက်ကူးပေးခြင်းများ မပြုလုပ်တော့ဘူးလို့ အသိပေးထားကြပါတယ်။
အကယ်ဒမီ လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုး ကိုယ်တိုင်လည်း Social Punishment လုပ် ဖို့ အတွက် ပြောထားခဲ့ပါတယ်။
ယွန်းဝတီလွင်မိုးဟာဆိုရင် ဆိုရှယ် မီဒီယာမှာတင်မက အပြင် လော ကမှာပါ အဆိုပါ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက် ဖြစ်ပါတယ်။
“မြန်မာပြည်ကြီး ဒီမိုကရေစီ ရပြီးတဲ့နောက် တိုက်ပွဲ ကြီး နိုင်ပြီး ရင်တောင် ဒီမှာတင် မရပ်ပါဘူး။ Social Punishment ဆက်လုပ်မယ်။ ဒီတသက်တော့ ကိုယ့်နိုင်ငံကို ပြန် ကယ်တင်ဖို့ အမေ မွေးလာတာလို့ မှတ်လိုက်ပါပြီ” လို့ ယွန်းဝတီလွင်မိုးက ပြောထားပါတယ်။
Social Punishment အစီအစဉ်ထဲမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ကို ထည့်သွင်းပေး ဖို့အ တွက် တောင်းဆိုကြသူများ နဲ့ ငြင်းပယ်ကြသူများကြား အငြင်းပွားမှုတခုလည်း ဖြစ်လို့ နေပါတ ယ်
CRD_Irrwady