“အနုပညာ မောင်နှမ တွေ ဖမ်းဆီး ခံနေရတာ ကို ခံပြင်း တယ်” လို့ ချမ်းချမ်း ဆို

Posted on

မကြာသေးခင် ရက်ပိုင်းက အီတလီနိုင်ငံမှာ ဒုတိယ ရင်သွေး မွေးဖွား ခဲ့တဲ့ အဆိုတော် ချမ်းချမ်းဟာ အာဏာသိမ်း စစ်ကောင်စီ ရဲ့ ဖမ်းဝ ရမ်း ထုတ် အရေးယူထားတဲ့ စာရင်းမှာ ဧပြီလ ၂ ရက်နေ့က ပါဝင်ခဲ့ပါတယ်။အဆိုတော် ချမ်းချမ်းက ဓမ္မနဲ့ အဓမ္မကြားမှာ အာဏာသိမ်း ခံရတဲ့နေ့ စကတည်းက ပြတ်ပြတ် သားသား ဓမ္မကို ရွေးချယ်မိတာ ဘဝမှာ ဂုဏ်အယူဆုံးပဲလို့ ဆိုပါတယ်။

“ဒီနေ့ Facebook ပြန်သုံးလို့ရပြီ။ ၇ ရက် ပိတ် ခံရလို့ ဝမ်းမနည်းဘူး။ ဖမ်းဝရမ်း ထုတ်ခံရတာလည်းဝမ်းမနည်းဘူး။သေချာတာတခုကတော့ ဓမ္မနဲ့ အဓမ္မကြားမှာ အာဏာသိမ်းခံရတဲ့နေ့ စကတည်းက ပြတ်ပြတ်သားသား ဓမ္မကို ရွေးချယ်မိတာကို ဘဝမှာ ဂုဏ် အယူဆုံးပဲ”ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်ခံထားရ တဲ့ အဆိုတော် ချမ်းချမ်း

“ကိုယ့်အနုပညာ မောင်နှမတွေ ဖမ်းဝရမ်း ထုတ်ခံရပြီး ဖမ်းဆီးခံ နေရတာကို မြင်နေကြားနေရတာ အရမ်းကို ခံပြင်းတယ်။ အခုလို မတရား တာ တွေ ခံရလေလေ ကိုယ်တွေက ပိုပြီး စိတ်ဓာတ်တွေ ပြင်းထန်လေလေပဲ နော်။ ဒီလောက် နဲ့ အလျှော့ပေး မယ့် အထဲမှာ ကျမတို့ အနုပ ညာ သမားတွေ၊ ပြည်သူတွေ၊ CDM ဝန်ထမ်းတွေ မပါဘူး”လို့ ချမ်းချမ်းက ပြောပါတယ်။

အနုပညာရှင်တဦး အနေနဲ့ ပြည်သူနဲ့ တသားတည်း ရပ်တည်ချင်တာကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ရောက်ရာနေရာကနေ အားဖြည့် ပေး ချင်တဲ့ ဆန္ဒ တခုပဲရှိတယ်လို့ ချမ်းချမ်းက ဆိုပါတယ်။

“ဧပြီ ၁ ရက်နေ့ မှာ သမီးလေး ကို မွေးတယ်။ ၂ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခံ ရတယ်။ အနုပညာရှင်ဆိုတာ ပြည်သူနဲ့ တသား တည်းဆိုတာ ဘယ် သူမှ ငြင်းစရာ မလိုပါဘူး။ တနည်းအားဖြင့် ပြည်သူတွေ မတရားခံနေရတဲ့အချိန်မှာ ပြည်သူထဲ က ပြည်သူတ ယောက် အနေ နဲ့ ကိုယ် တတ်နိုင်တဲ့ဘက်ကနေ ရောက်ရာ နေရာကနေ အာဖြည့်ပေးချင်တဲ့ ဆန္ဒတခုပဲ ရှိတယ်။ အမှန်တရားအ တွက် အတူ တွန်း လှန် မယ်။ အနာဂ တ် ရဲ့ကလေးတွေအတွက် မိမဲ့ဖမဲ့ ဖြစ်သွားတဲ့ သားတွေ၊ သမီးတွေအတွက် ဆက်ပြီး အားတင်းရှေ့ဆက်ကြ ရမယ်”လို့ ချမ်းချမ်း က ပြောပါ တယ်။

ဆက်လက်ပြီး စစ်အာဏာရှင် လက်အောက် ပြန်မနေနိုင်တော့ဘူး လို့ ချမ်းချမ်းက ဆိုပြီး၊ မျက်စိပိတ် နားပိတ်လုပ်ခံရတာ နောက်မျိုးဆက် တွေ ရဲ့ ခေတ်မှာ ထပ်မရှိရတော့ဘူးလို့ ဆိုပါတယ်။

“စစ်အာဏာ ရှင် လက်အောက် တော့ ပြန်မနေနိုင်တော့ ဘူး။ မျက်စိပိတ် နားပိတ်လုပ်ခံရတာ တို့တွေ ရဲ့ မျိုးဆက်တွေ ခေတ်မှာ ထပ် မရှိရ တော့ဘူး။ တိုင်းပြည်အတွက် အသက်ပေး စတေးခဲ့တဲ့ သူရဲကောင်း သားတွေ၊ သမီးတွေ၊ ညီအစ်ကို၊ မောင်နှမတွေ အားလုံးကို အထူးလေး စား ဦးညွတ် ပါတယ်။ နွေဦးတော်လှန်ရေးအတွက် ပါဝင် အသက်ပေးခဲ့ကြသူတွေကို လေးစားပါတယ်။ ကောင်းကင်ဘုံမှာ ကျက် သရေ အ ရှိဆုံး လူသားတွေပါ”လို့ ချမ်းချမ်းက ပြောပါတယ်။

အခုအချိန်မှာ စိတ်ဓာတ် မကျအောင် တယောက်နဲ့ တယောက် အားပေးပြီး ကူညီသွားကြမယ်လို့ချမ်းချမ်းကဆိုပါတယ်။“အခုအချိန်မှာဘယ် သူ ဘယ်ဝါရယ်လို့ မခွဲခြားဘဲ အတတ်နိုင်ဆုံး ကူညီကြမယ်နော်။ အဝေးရောက်နေ သူတွေက လည်း ကိုယ်တတ်နိုင် တဲ့ဘက် ကနေ Twitter တွေ၊ Instagram တွေကနေ ကူညီမယ်။ ငွေကြေး တတ်နိုင်သူတွေက CDM ပြည်သူ့ ဝန်ထမ်းတွေကို ကူညီမယ်”

“စိတ်ဓာတ်မကျအောင် တယောက် နဲ့ တယောက် အားပေးကြ ရအောင်နော်။ မကြာခင် အမှန်တရား က အနိုင်ရတော့ မှာပါ။ ယုံကြည်တယ်။ တတ်နိုင်သမျှ ဝရမ်းထုတ်ခံရတဲ့ ပြည်သူတွေ၊ အနုပညာရှင်တွေကို ကူညီ ကာကွယ်ပေးကြပါဦးနော်။ အရေးတော် ပုံ အောင်ရမည်”လို့ ချမ်း ချမ်းက ပြောထားပါတယ်။

အဆိုတော် ချမ်းချမ်းကတော့ လက်ရှိမှာ အီတလီနိုင်ငံကို ရောက်ရှိနေပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး အတွက် လူမှုကွန်ရက် မီဒီယာကနေ Speak Out လုပ်ပေးနေတဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *