အနုပညာလောက မှ ဦးဇော်ဦး အတွက် ဆန် နဲ့ အလှူငွေ ကို သွား ရောက် ကူညီ လှူဒါန်းခဲ့တဲ့ နေဒွေး

Posted on

သရုပ်ဆောင်နေဒွေးကတော့ အနုပညာလှုပ်ရှားမှုတွေကို အချိန် အတော် ကြာအောင် လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ် ။နောက်ပိုင်းတွင် ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူး လာတာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ ရရှိထားတဲ့ မင်းသား တစ်လက် ဆိုလည်း မမှားပါဘူးနော်….။မိဘကို လုပ်ကိုင် ကျွေးမွေးနေတဲ့ သား လိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ် အကိုင်မဆို အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

ယခုလို နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေ ​မှာ ပြည်သူတွေနဲ့ တစ်သားတည်း ပူးပေါင်းပါဝင် လှုပ်ရှားသလို လိုအပ် နေတဲ့ နေရာတွေကို ကိုယ်တိုင် သွား ရောက်ကာ ကုသိုလ်ပြု လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။ဒီကနေ့ နေ့လည်အချိန်မှာဆိုရင်လည်း စားဝတ်နေရေး အဆင်မပြေတဲ့ သက်ကြီးရွယ်အို အဖိုး အဘွားများ အတွက်ဆန်၊ဆီ၊အလှူငွေများကို လှူဒါန်းပေးနေတာ ကိုလည်း ကြည်နူးစရာ မြင်တွေ့ရပါတယ်။

ဒါ့အပြင် မကြာသေးခင် နာရီပိုင်းလောက်က နေဒွေး ရဲ့ လူမူကွန် ယက် စာမျက်နှာထက်တွင် အနုပညာလောကမှ ဦးဇော်ဦး အတွက် အလှူငွေနဲ့ ဆန်ကို ထပ်မံလှူဒါန်းခဲ့ကြောင်းကို “ကိုယ့်အနုပညာလောကသားတွေအတွက်လဲပြန်ကြည့်ပေးရတယ်🥰အဖေကြီး ဦးဇော်ဦး အတွက် JITTOO အော်ဂန်းနစ်စူပါဆန် နှင့်ရွှေဆန် တအိတ်စီ နှင့် အလှုငွေ လှုဒါန်း🙏🏼🙏🏼🙏🏼”ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ဖော်ပြပေးလာတာ ဖြစ်ပါတယ်။အနုပညာရှင်မောင်နှမတွေနဲ့ ပရိသတ်တွေကလည်း သူရဲ့အလှူကို သာဓုခေါ်ထားကြတာကိုလည်း တွေ့မြင်ရပါတယ်။

Photo Credit-Nay Dway FB Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *