လုပ်စရာကိုပဲ လုပ်တယ်။ပြော သင့် တဲ့ အချိန်မှာ ပြောတယ်။ မီဒီယာ က အင်တာဗျူးရင်တောင် ဖြေဖို့ ငြင်း တတ်တယ်။
ဆိုလိုတာ က အားအား လျားလျား လျောက်ပြောမနေဘူး။ ဒီပွဲစကထဲက ၊ဇာဂနာ့ နာမည်ကို အမျိုးမျိုးသုံးပြီး ရေးချင်ရာရေး ခဲ့ကြတာ အများကြီးပါ။ တခါမှမရှင်းဘူး။ ကိုယ်မရေးတာကိုယ်သိတယ်။
ဇာဂနာဘောမ တို့၊ငကြောက်တို့၊ စသဖြင့် ရေးနေစော်ကားနေတာတွေလဲ သိတယ်။ ခွေးဟောင်လို့ တောင်မရွေ့ဘူး ဆိုပြီး၊တခါမှပြန်မရေးဘူး။
ခုတခါလဲ တိုင်းရင်းသားအရေးဆိုပြီး ရေးပြန် ရော၊share ကြသူတွေရော၊Likeကြသူတွေရော၊ဇာဂနာ ဂတုန်း မသေသေးဘူးလား ဆိုတာတွေရော၊ကျွန်တော့
CB လာလာပို့တာမြင်ရတယ်။ ဇာဂနာ့ပုံကို ယူသုံးပြီး pageထောင်တာလဲ တွေ့ရတယ်။
ဇာဂနာဆိုတာ
တနိုင်ငံလုံး အပေါက်ပိတ် နေချိန် မှာ လူရှေ့ထွက် ဝေဖန်ခဲ့သူပါ။ ခိုးကြောင်ခိုးဝှက် ရေးနေပြောနေတတ်သူ မဟုတ်။
ကိုယ်လုပ်တာလူသိအောင် ဆိုင်းဘုတ် မထောင်ပါ။
အခု ဇာဂနာ့နာမည်အလွဲသုံးစားလုပ်ရေးနေ ၊ပြောနေ၊ရှယ်နေကြသူများလဲ၊ ဆက်လုပ်ကြပါ။ ခင်ဗျားတို့မှာ ကိုယ်ပိုင်သတ္တိ၊ကိုယ်ပိုင်အရည်အချင်းမရှိလို့၊ကျွန်တော့နာမယ်သုံးနေရရှာတာကိုး။
နောက်မှ ဇာဂနာ ရေလည် ကြွမ့်တယ် လာမလုပ်နဲ့။
crd