အနီရောင် ဖက်ရှင်လေး နဲ့ လှသွေးကြွယ်နေတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြ လိုက်တဲ့ နန်းဆု

Posted on

မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာ လုပ်ကိုင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ်လည်း လုပ်ကိုင်လျက်ရှိနေသလို အဆိုပိုင်းမှာလည်း ကျွမ်းကျင်တဲ့ သူမကတော့ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပြီး သီချင်းအသစ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်ကနေ အကောင်းဆုံးပါဝင် သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ အမိုက်စားပုံစံလေးနဲ့ ကြွေလောက်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိတဲ့ သူမက တော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမကတော့ ယခုမှာအနီရောင်ဖက်ရှင်လေးနဲ့ ကျက်သရေ ရှိလှပနေပြီး မြင်ရသူတိုင်းရဲ့ရင်ကို အေးချမ်းသွားစေခဲ့ပါတယ်။ သူမကတော့ ” မင်းနဲ့ ဆုံတွေ့ရမယ့် ညနေခင်းတွေဟာ ပိုလှတယ် “ဆိုပြီးမြန်မာဆန်ဆန်ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးနန်းဆုရတီစိုးရဲ့ ချစ်စရာကောင်း လွန်းနေတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါ ပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Nan SuYati Soe ‘ s Facebook page

zawgyi





zawgyi

Leave a Reply

Your email address will not be published. Required fields are marked *