အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားပြီး အတောက်ပဆုံး လှနေတဲ့ ညီမလေး သံစဉ်မောင် အတွက် ကြည်နူးဝမ်းသာမဆုံးဖြစ်နေတဲ့ ဘေဘီမောင်…။

Posted on

မိသားစုကို သိပ်ချစ်ပြီး အမြဲတမ်းရှေ့ကနေမားမားမတ်မတ် ရပ်တည်ပေးတဲ့ အမကြီးအမိရာ ပီသသူဘေဘီမောင်ဟာ ညီမလေး သံစဉ်မောင်ရဲ့ ဝါသနာနဲ့ပတ်သက်ပြီး အစွမ်းကုန်ပံ့ပိုးပေးပြီး ညီမလေးရဲ့အနာဂတ်အတွက် အကောင်းဆုံး ဆိုတာတွေ ဖန်တီးပေးနိုင်ဖို့ အလုပ်တွေ အများကြီးကြိုးစားနေခဲ့ပါတယ်။ မိဘတွေအပေါ်မှာလည်းသိတတ်ပြီး အေးချမ်းတဲ့ ကိုယ်ပိုင်အရိပ်အမြုံလေးရအောင် ဖန်တီးပေးခဲ့ပါတယ်။

ဘေဘီ့ရဲ့ချစ်ညီမလေး သံစဉ်မောင် ဟာလည်း အမဖြစ်သူလျှောက်လှမ်းတဲ့ အနုပညာ လမ်းကြောင်းကို အကောင်းဆုံးလျှောက်နိုင်ဖို့ ကြိုးစားနေခဲ့ပြီး မိသားစုစီးပွားရေးတွေမှာလည်း ပါဝင်ကူညီတတ်ပါသေးတယ်။ သီချင်းဆိုဝါသနာပါတဲ့ သံစဉ်အတွက် ဘေဘီက အဆိုတော် ဖြစ်အောင် တတ်စွမ်းသမျှအားနဲ့ ကူညီပံ့ပိုးပေးမယ်လို့လည်းဆိုပါတယ်။

ကိုယ့်ကိုကိုယ်အလှဆုံးဖြစ်အောင် ပြင်ဆင်နေထိုင်တဲ့သံစဉ်ဟာ ဒီနောက်ပိုင်းမှာ အရင်ကထက် အများကြီးပိုလှလာပြီး ယုံကြည်မှုရှိတဲ့မိန်းကလေးတစ်ယောက်ပုံစံဖြစ်လာခဲ့ပါတယ်။ သံစဉ်ရဲ့ အလှပဆုံးပုံရိပ်တွေကို ” ငါ့ညီမလေးလှလိုက်တာ အဆီပိုမရှိ bodyကထိမိ ” ဆိုပြီး ဘေဘီက သူမရဲ့ Facebook မှာ ပြန်လည်မျှဝေကာ ကျေနပ်မဆုံးဖြစ်နေခဲ့ပါတယ်။

Photo credit – Than Sin Maung

Leave a Reply

Your email address will not be published. Required fields are marked *