အထူး တရားခွင် ပြုလုပ် ပြီး စစ်ဆေးခံ နေရတဲ့ အမေစု ရဲ့ ပုံလေးကို ကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့ မေဦး

Posted on

မနေ့ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုနေပြည်တော်တွင် အထူးတရားခွင်တစ်ရပ်လုပ်ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းအမေစုကို ပထမဆုံး မြင်တွေ့ရတာလည်း ဖြစ်ပါတယ်။ ပြည်သူ လူထုက ဒီပုံရိပ်လေးကို ကြည့်ပြီး အမေစုအတွက်စိတ်မကောင်းဖြစ်နေကြပေမယ့် လည်း အခုလို ကျန်းမာရေးကောင်းမွန်နေတာကို သိရှိရတဲ့အတွက် ဝမ်းသာနေကြတာပါ။

မနေ့ညကလည်း မေဦးရဲ့ လူမှုကွန်ယက်တွင် အထူးတရားခွင် ပြုလုပ်ပြီး စစ်ဆေးခံနေရတဲ့ အမေစုရဲ့ ပုံလေး ကိုကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ ” ဒီညအဖို့ မြန်မာပြည်ရဲ့သန်းပေါင်းများစွာသော ပြည်သူတွေ ရင်ကွဲခံစားရပြီး မျက်ရည်ကျရတဲ့နေ့ပါ အမေ။ ဒါပေမယ့်လည်း ပြည်သူတွေအားလုံးက အမြဲတမ်းတောင်းနေကြ ဆုလေးနဲ့ ဆုတောင်းနေပါတယ်အမေ။ အမေသက်ရှည်ကျန်းမာပြီး မတရားမှု ဘေးမှအမြန် ဆုံးလွတ်မြောက် ပါစေအမေ🙏🏻🙏🏻🙏🏻 ” လို့ ရေးသားထားတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်တွင် စကားပြောစက်များတွေ့မှု ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ စသည်တို့ဖြင့် တရားစွဲဆို အရေးယူထားတာ ဖြစ်ပါတယ်။ ပြည်သူများမှ အမေစုနဲ့ သမ္မတကြီးနှင့်တကွ အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးကြဖို့ အနယ်နယ် အရပ်ရပ်က ဆန္ဒထုတ်ဖော်မှုများတွင် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အမေစုကတော့ အမြဲလိုလို ဦးခေါင်းထက်တွင် ပန်းပန်ဆင်လေ့ရှိသူဖြစ်ပြီး အာဇာနည်နေ့တစ်ရက်သာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ပန်း မပန်ခြင်းဖြစ်ပါတယ်။ မနေ့က ရုံးထုတ်စစ်ဆေးခဲ့တဲ့ အချိန်မှာတော့ အမေစုခေါင်းတွင် ပန်းမပန်ထားတာကို ထူးခြားစွာဖြင့် မြင်တွေ့ခဲ့ရပါတယ်။

Source and Photo Crd-May Oo’s Facebook Account

zawgyi

မေန႔ကေတာ့ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သမၼတ ႀကီးႏွင့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ကိုေနျပည္ေတာ္တြင္ အထူးတရားခြင္တစ္ရပ္လုပ္ၿပီး စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ ဖမ္းဆီးခံရၿပီးေနာက္ပိုင္းအေမစုကို ပထမဆုံး ျမင္ေတြ႕ရတာလည္း ျဖစ္ပါတယ္။ ျပည္သူ လူထုက ဒီပုံရိပ္ေလးကို ၾကည့္ၿပီး အေမစုအတြက္စိတ္မေကာင္းျဖစ္ေနၾကေပမယ့္ လည္း အခုလို က်န္းမာေရးေကာင္းမြန္ေနတာကို သိရွိရတဲ့အတြက္ ဝမ္းသာေနၾကတာပါ။

မေန႔ညကလည္း ေမဦးရဲ႕ လူမႈကြန္ယက္တြင္ အထူးတရားခြင္ ျပဳလုပ္ၿပီး စစ္ေဆးခံေနရတဲ့ အေမစုရဲ႕ ပုံေလး ကိုၾကည့္ၿပီး ဝမ္းနည္းမ်က္ရည္က်ခဲ့ရတဲ့အေၾကာင္းကို ေရးသားထားတာ ျဖစ္ပါတယ္။ ” ဒီညအဖို႔ ျမန္မာျပည္ရဲ႕သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြ ရင္ကြဲခံစားရၿပီး မ်က္ရည္က်ရတဲ့ေန႔ပါ အေမ။ ဒါေပမယ့္လည္း ျပည္သူေတြအားလုံးက အၿမဲတမ္းေတာင္းေနၾက ဆုေလးနဲ႔ ဆုေတာင္းေနပါတယ္အေမ။ အေမသက္ရွည္က်န္းမာၿပီး မတရားမႈ ေဘးမွအျမန္ ဆုံးလြတ္ေျမာက္ ပါေစအေမ🙏🏻🙏🏻🙏🏻 ” လို႔ ေရးသားထားတာျဖစ္ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေနအိမ္တြင္ စကားေျပာစက္မ်ားေတြ႕မႈ ၊ ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒပုဒ္မ ၂၅ စသည္တို႔ျဖင့္ တရားစြဲဆို အေရးယူထားတာ ျဖစ္ပါတယ္။ ျပည္သူမ်ားမွ အေမစုနဲ႔ သမၼတႀကီးႏွင့္တကြ အျခားဖမ္းဆီးထိန္းသိမ္းခံထားရသူမ်ား အျမန္ဆုံး ျပန္လႊတ္ေပးၾကဖို႔ အနယ္နယ္ အရပ္ရပ္က ဆႏၵထုတ္ေဖာ္မႈမ်ားတြင္ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။ အေမစုကေတာ့ အၿမဲလိုလို ဦးေခါင္းထက္တြင္ ပန္းပန္ဆင္ေလ့ရွိသူျဖစ္ၿပီး အာဇာနည္ေန႔တစ္ရက္သာ ဝမ္းနည္းျခင္း အထိမ္းအမွတ္ျဖင့္ ပန္း မပန္ျခင္းျဖစ္ပါတယ္။ မေန႔က ႐ုံးထုတ္စစ္ေဆးခဲ့တဲ့ အခ်ိန္မွာေတာ့ အေမစုေခါင္းတြင္ ပန္းမပန္ထားတာကို ထူးျခားစြာျဖင့္ ျမင္ေတြ႕ခဲ့ရပါတယ္။

Source and Photo Crd-May Oo’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *