အထက်လန်အောက်လျှော အတွက် ဆေးနည်း ရိုးရိုး ဆေးစွမ်း ထက်ထက်

Posted on

ကျွန်မတို့မိသားစု လက်စွဲသုံးခဲ့တဲ့ ဆေးနည်းကောင်း တစ်လက်ပါ။ ကိုယ်တိုင်လဲဖြစ်ဖူးပီး သောက်ခဲ့ဖူးပါတယ်။ကျွန်မ ဖြစ်တုံးက ပထမ ဝမ်းချည်းသွားတာပါ။ ၃ ခါသွားပီးတော့ အိမ်သာကနေ ပြန်ထမလာနိုင်တော့ပါဘူး။ တွဲထုတ် လာရပါတယ်။

နောက်တစ်ကြိမ် ထပ်သွားရင် အသက်တောင်ပါတော့မလား မှတ်ပါတယ်။ ကျမ အမေက ဝမ်းလျော တာထင်လို့ နနွင်းမှုန့်ဖျော်ပီး တိုက်ဖို့ လုပ်တုန်းမှာဘဲ စပီးအန်ပါတယ်။ ဒီတော့မှ အထက်လှန် အောက်လျော ဖြစ်တာမှန်း သိပြီး ဒီဆေးနည်းကို လုပ်တိုက်တာပါ။

ဆေးတစ်ခွက်ဝင်ပီးတာနဲ့ ဝမ်းသွားတာရော အန်တာပါ လုံးဝရပ်သွားတာပါ။ ဝမ်းသွားထားတဲ့အတွက် အားနည်း သွားတာပဲ ကျန်ပါတယ်။ တကယ့်လက်တွေ့ အစွမ်းထက်လှတဲ့ ဆေးနည်းကောင်းလေးပါဘဲ။

ဆေးနည်းကလဲ လွယ်ကူတာမို့ မခက်ခဲဘဲ လုပ်နိုင်ပါတယ်။ ကဲ အထက်လှန်အောက်လျော ဖြစ်လို့ကတော့ ဒီလိုလေး လုပ်ပီးသာ တိုက်လိုက်ပါ။

ဆေးနည်း

ရဲယိုသီး(အစိမ်း) ၄ / ၅လုံးကို ထောင်းပီး ရေနည်းနည်း ဆွတ်၍ အရည်ညှစ်ယူပါ။ အကြမ်းပန်းကန် တစ်လုံးစာလောက်ကို တစ်ခါထဲ ဝင်အောင် တိုက်ပေးလိုက်ပါ။ ဆေးဝင်သွားတာနဲ့ သိသာပါလိမ့်မယ်။ ရဲယိုသီး အနုဆို ပိုအစွမ်းထက်ပါတယ်။ အနုမရမှ အရင့်သုံးပါ။

မိသားစုသုံး လက်တွေ့ဆေးနည်းမို့ ယုံကြည်စွာ သုံးစွဲနိုင်ပါတယ်။ မိမိတို့ခြံထဲမှာ ရဲယိုပင်စိုက်ထားခြင်းဖြင့် များစွာအသုံးဝင်ပါတယ်။ ဆေးအဖြစ် သုံးနိုင်သလို စားလို့လဲ ရတာကြောင့် လူတိုင်း စိုက်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

Leave a Reply

Your email address will not be published. Required fields are marked *