အတိတ်က ခံစားချက် တချို့ ကို ဝေငှပြောပြ လာ တဲ့ အေသင်ချိုဆွေ

Posted on

အဆိုတော် တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက် လည်းဖြစ် တဲ့ အေသင်ချိုဆွေကတော့ အမြို့မြို့ အနယ်နယ်မှာ အားပေးသူ ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း သမီးလေး Ivy ရဲ့ မိခင် တစ်ယောက်လည်း ဖြစ်တဲ့ အေသင်ချိုဆွေက ပရိသတ်တွေ နဲ့ မိသားစုအကြားမှာ အချိန်တွေကို သင့်တင့်မျှတအောင် ခွဲဝေလှုပ်ရှားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ကိုယ်တိုင်လည်း အချစ်နဲ့ ပက်သတ်ပြီး အမှားတွေနဲ့ ကြုံဆုံခဲ့ဖူးတဲ့ အေသင်ချိုဆွေက တိုက်ဆိုင်မှုတွေရှိလာခဲ့ရင်တော့ သူမရဲ့အကြောင်းတွေနဲ့ ပက်သတ်ပြီး ပြောပြသလို ဒီကနေ့မှာလည်း သူမရဲ့ အတိတ်ကခံစားချက်အချို့ကို ပြောပြလာခဲ့ပါတယ်။

“ကိုယ်က အစစ်အမှန်တွေပေးနေပါရက်နဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ခဏ ခဏ စော်ကားနေခဲ့ရင်…..ဘယ်လောက်နာကျင်ရပါစေ သူတောင်းပန်ရုံနဲ့ …..သူ့ရဲ့ပေါ့ပျက်ပျက်ကတိတွေကြားမှာ မကြာခဏ ခွင့်လွတ်ခဲ့တာတောင် သူက ထွက်သွားချင်ပါတယ် ဆိုရင် ပြန်ဆွဲခေါ်ဖို့ မကြိုးစားပါနဲ့။ သင်ပဲနာကျင် ရလိမ့်မယ်။ လွှတ်ချလိုက်ပါ။ သူမပါဘဲ သင်တယောက် တည်းလွတ်လပ်စွာပျံသန်းကြည့်ပါ။ ပိုပေါ့ပါးပြီး အေးချမ်းပျော်ရွှင်နေလိမ့်မယ်။ သင့်လို ချစ်သူမျိုး ဒီတသက် ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အဲ့တခုတည်းနဲ့ သင်ကျေနပ်နေလို့ရပါတယ်။ 😁 ( ကိုယ်တွေ့မို့ Just for sharing my past feeling ) အခုတော့ ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေပါပြီနော်🥰” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

အေသင်ချိုဆွေကတော့ သူမရဲ့ အတိတ်မှာ အချစ်နဲ့ ပက်သတ်ပြီး အမှားအယွင်း တွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူမအပေါ်ကိုသာမက သူမရဲ့ မိသားစုလေးအပေါ်ကို အပြည့်အဝ နားလည်ပြီး နှစ်နှစ်ကာကာချစ်ပေးတဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း အေသင်ဝေမျှတဲ့ ခံစားချက်တချို့ကို ဖတ်ပြီး တစ်စုံတစ်ခုတော့ အကျိုးကျေးဇူးရရှိသွားမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi

အဆိုေတာ္ တစ္ေယာက္လည္းျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္ လည္းျဖစ္ တဲ့ ေအသင္ခ်ိဳေဆြကေတာ့ အၿမိဳ႕ၿမိဳ႕ အနယ္နယ္မွာ အားေပးသူ ပရိသတ္အခိုင္အမာရရွိၿပီးသား အႏုပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္သလို တစ္ဖက္မွာလည္း သမီးေလး Ivy ရဲ႕ မိခင္ တစ္ေယာက္လည္း ျဖစ္တဲ့ ေအသင္ခ်ိဳေဆြက ပရိသတ္ေတြ နဲ႔ မိသားစုအၾကားမွာ အခ်ိန္ေတြကို သင့္တင့္မွ်တေအာင္ ခြဲေဝလႈပ္ရွားေနသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ကိုယ္တိုင္လည္း အခ်စ္နဲ႔ ပက္သတ္ၿပီး အမွားေတြနဲ႔ ႀကဳံဆုံခဲ့ဖူးတဲ့ ေအသင္ခ်ိဳေဆြက တိုက္ဆိုင္မႈေတြရွိလာခဲ့ရင္ေတာ့ သူမရဲ႕အေၾကာင္းေတြနဲ႔ ပက္သတ္ၿပီး ေျပာျပသလို ဒီကေန႔မွာလည္း သူမရဲ႕ အတိတ္ကခံစားခ်က္အခ်ိဳ႕ကို ေျပာျပလာခဲ့ပါတယ္။

“ကိုယ္က အစစ္အမွန္ေတြေပးေနပါရက္နဲ႔ ကိုယ့္ရဲ႕ ခ်စ္ျခင္းေမတၱာကို ခဏ ခဏ ေစာ္ကားေနခဲ့ရင္…..ဘယ္ေလာက္နာက်င္ရပါေစ သူေတာင္းပန္႐ုံနဲ႔ …..သူ႔ရဲ႕ေပါ့ပ်က္ပ်က္ကတိေတြၾကားမွာ မၾကာခဏ ခြင့္လြတ္ခဲ့တာေတာင္ သူက ထြက္သြားခ်င္ပါတယ္ ဆိုရင္ ျပန္ဆြဲေခၚဖို႔ မႀကိဳးစားပါနဲ႔။ သင္ပဲနာက်င္ ရလိမ့္မယ္။ လႊတ္ခ်လိုက္ပါ။ သူမပါဘဲ သင္တေယာက္ တည္းလြတ္လပ္စြာပ်ံသန္းၾကည့္ပါ။ ပိုေပါ့ပါးၿပီး ေအးခ်မ္းေပ်ာ္႐ႊင္ေနလိမ့္မယ္။ သင့္လို ခ်စ္သူမ်ိဳး ဒီတသက္ ရွာေတြ႕ႏိုင္မွာမဟုတ္ဘူး။ အဲ့တခုတည္းနဲ႔ သင္ေက်နပ္ေနလို႔ရပါတယ္။ 😁 ( ကိုယ္ေတြ႕မို႔ Just for sharing my past feeling ) အခုေတာ့ ကံေကာင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေနပါၿပီေနာ္🥰” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာပါတယ္။

ေအသင္ခ်ိဳေဆြကေတာ့ သူမရဲ႕ အတိတ္မွာ အခ်စ္နဲ႔ ပက္သတ္ၿပီး အမွားအယြင္း ေတြရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ သူမအေပၚကိုသာမက သူမရဲ႕ မိသားစုေလးအေပၚကို အျပည့္အဝ နားလည္ၿပီး ႏွစ္ႏွစ္ကာကာခ်စ္ေပးတဲ့ ခ်စ္သူေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ေအသင္ေဝမွ်တဲ့ ခံစားခ်က္တခ်ိဳ႕ကို ဖတ္ၿပီး တစ္စုံတစ္ခုေတာ့ အက်ိဳးေက်းဇူးရရွိသြားမွာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *