အဆိုတော် ရေမွန် သေဆုံးရခြင်း အဖြစ်အမှန်ကို ဖြေရှင်း လိုက်တဲ့ နိုဗန်ထူး

Posted on

အဆိုတော် ရေမွန် ရုတ်တရက် သေဆုံးတာနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေသလို မဟုတ်ပဲ ငှက်ဖျားရောဂါနဲ့ သာကွယ်လွန်တာ ဖြစ်တယ်လို့ သူနဲ့အတူနေ ဂီတညီအကို နိုဗန်ထူးက ပြောပါတယ်။

သူက တရှောင် ရှောင်ဖြစ်နေတာတော့ နည်းနည်း ကြာနေပြီ၊ ဒီနေ့မနက် မှ ရုတ်တရက် ဖြစ်သွားတာ။ မနက်ကတော်တော် နဲ့ မနိုးတော့ ပထမ အိပ်နေတယ် ထင်သေးတယ်။ သိတဲ့အချိန်မှာ အသက်ကယ်ဖို့ ကြိုးစားကြပေမယ့် အချိန်မမှီတော့ဘူး ။ အနားမှာ ရဲဘော် ရဲဘက်ဘော်ဒါတွေလည်း ရှိတယ်။ အပြင်မှာ ပြောနေကြတဲ့ ကောလာဟလတွေ လို လုံးဝ မဟုတ်ပါဘူးလို့ နိုဗန်ထူးက ပြောပါတယ် ။

ရေမွန်နဲ့အတူ နိုဗန်ထူးတို့လူငယ်တွေ ဟာစစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းမှုကို လက်မခံကြပဲ ၊ မြို့ပြဆန္ဒပြပွဲတွေကနေ တဆင့် လွတ် မြောက် နယ်မြေကို အတူတူရောက်လာကြတာ ဖြစ်ပါတယ်။ ရေမွန်ရဲ့ စျာပန အစီအစဥ်ကို ဘယ်လိုကျင်းပမယ်ဆိုတာကိုတော့ မိသားစု ဝင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

crd

zawgyi

အဆိုေတာ္ ေရမြန္ ႐ုတ္တရက္ ေသဆုံးတာနဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေနသလို မဟုတ္ပဲ ငွက္ဖ်ားေရာဂါနဲ႔ သာကြယ္လြန္တာ ျဖစ္တယ္လို႔ သူနဲ႔အတူေန ဂီတညီအကို ႏိုဗန္ထူးက ေျပာပါတယ္။

သူက တေရွာင္ ေရွာင္ျဖစ္ေနတာေတာ့ နည္းနည္း ၾကာေနၿပီ၊ ဒီေန႔မနက္ မွ ႐ုတ္တရက္ ျဖစ္သြားတာ။ မနက္ကေတာ္ေတာ္ နဲ႔ မႏိုးေတာ့ ပထမ အိပ္ေနတယ္ ထင္ေသးတယ္။ သိတဲ့အခ်ိန္မွာ အသက္ကယ္ဖို႔ ႀကိဳးစားၾကေပမယ့္ အခ်ိန္မမွီေတာ့ဘူး ။ အနားမွာ ရဲေဘာ္ ရဲဘက္ေဘာ္ဒါေတြလည္း ရွိတယ္။ အျပင္မွာ ေျပာေနၾကတဲ့ ေကာလာဟလေတြ လို လုံးဝ မဟုတ္ပါဘူးလို႔ ႏိုဗန္ထူးက ေျပာပါတယ္ ။

ေရမြန္နဲ႔အတူ ႏိုဗန္ထူးတို႔လူငယ္ေတြ ဟာစစ္အုပ္စုရဲ႕ တရားမဝင္အာဏာသိမ္းမႈကို လက္မခံၾကပဲ ၊ ၿမိဳ႕ျပဆႏၵျပပြဲေတြကေန တဆင့္ လြတ္ ေျမာက္ နယ္ေျမကို အတူတူေရာက္လာၾကတာ ျဖစ္ပါတယ္။ ေရမြန္ရဲ႕ စ်ာပန အစီအစဥ္ကို ဘယ္လိုက်င္းပမယ္ဆိုတာကိုေတာ့ မိသားစု ဝင္ေတြနဲ႔ တိုင္ပင္ၿပီး ဆုံးျဖတ္သြားမယ္လို႔ ဆိုပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *