အဆိုတော်ရေမွန် သေဆုံးရခြင်း နဲ့ ပက်သက်ပြီး ဝမ်းနည်း စွာရေးသား လာတဲ့…အဆိုတော် ထွန်းနောင်ဆင့် ရဲ့ စာလေးတစ်စောင်…

Posted on

(ဒါလေးတော့ တင်ခွင့်ပေးပါ)

တက္ကသိုလ်ကျောင်းသားဘဝ ဂစ်တာ စတီး ကတည်းက သူ့သီချင်းတွေနဲ့ စတီးခဲ့တယ် အဆောင်ရှေ့တွေမှာ ဘော်ဒါတွေနဲ့ သီချင်းသွားဆိုရင် သူ့သီချင်းတွေ မပါမဖြစ်ဆိုခဲ့ကြတယ်အဆိုတော်မဖြစ်ခင် ပထမဦးဆုံးသွားဖူးတဲ့ Show ပွဲဟာလည်း သူ့ပွဲ ဖြစ်ခဲ့တယ်

မှတ်မိသေးတယ် ခေတ်သစ်ကျောက် အခွေထွက်တုန်းက ဘော်ဒါတွေနဲ့ သူ့အိမ်ထိ သွားပြီး လက်မှတ်ထိုးခိုင်းခဲ့တာအဆိုတော်ဖြစ်ပြီး ပထမ ဦး ဆုံး ပွဲဆိုတဲ့အခါမှာ သူနဲ့တစ်ပွဲတည်း ဆိုခွင့်ရတယ် (ပုံထဲကပွဲ)ခင်ပြီးနောက်ပိုင်းမှာ အမြဲတမ်း “ထွန်းနောင်ဆင့် ဘရိုတီးကျနော် ဆိုမယ်… Coldplay လေးဆွဲရအောင်” အမြဲသူ ပြောခဲ့တယ်

အတူတူ ဂိမ်းတွေဆော့ ဂစ်တာတီး သီချင်းဆိုကြတာ တွေ ရေးထား တဲ့ သီချင်းလေးတွေ ဖလှယ်ကြတာတွေအကုန် မနေ့ကလိုပဲကျွန်တော် Album လုပ်နေတယ်လို့ဆိုတော့ သူက သီးသန့် Jazz တစ်ပုဒ်ရေးပေးမယ်တဲ့ အဲ့နောက်ပိုင်းကျနော့်ကိုတွေတိုင်း “ဘရို Jazz မယ် နော် Jazz Jazz” သူအမြဲပြောခဲ့တယ်

အခုတော့ ကျနော် ပထမဦးဆုံး ဂီတာနဲ့ လေ့ကျင့် ခဲ့တဲ့ သီချင်းလို “စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့ပြီလား”ကျနော်အတွက် Role Model ဆိုလည်း သူဟုတ်တယ် Idol ဆိုလည်း သူဟုတ်တယ် သူငယ်ချင်းဆိုလည်း သူဟုတ်တယ် ညီအကိုဆိုလည်း သူဟုတ်တယ်အရင်က ကျွန်တော့်မွေး နေ့မှာ Surprise တောင်လာ လုပ်သေးတာလေ ခုကျတော့ ကျွန်တော်မွေးတဲ့ လမှာ အားလုံးကို ချန်ခဲ့ပြီလား သီချင်း အ သစ်တွေ မျှော်နေကြ တာလေဗျာ….

ရင်ဘတ်ထဲကလာတဲ့ သီချင်းတွေ အတွက် ကျေးဇူးအထူးပါကိုတွတ်ဘရိုအရမ်းလိုချင်ခဲ့တဲ့ Democracy ကိုလည်း ကျွန်တော်တို့တွေ ရအော င် ယူပေးပါမယ်ခုတော့ကောင်းမွန်စွာ အိပ်စက်အနားယူပါ

May God Bless You Soul
RIP ကိုတွတ်
23.6.21

zawgyi

(ဒါေလးေတာ့ တင္ခြင့္ေပးပါ)

တကၠသိုလ္ေက်ာင္းသားဘဝ ဂစ္တာ စတီး ကတည္းက သူ႔သီခ်င္းေတြနဲ႔ စတီးခဲ့တယ္ အေဆာင္ေရွ႕ေတြမွာ ေဘာ္ဒါေတြနဲ႔ သီခ်င္းသြားဆိုရင္ သူ႔သီခ်င္းေတြ မပါမျဖစ္ဆိုခဲ့ၾကတယ္အဆိုေတာ္မျဖစ္ခင္ ပထမဦးဆုံးသြားဖူးတဲ့ Show ပြဲဟာလည္း သူ႔ပြဲ ျဖစ္ခဲ့တယ္

မွတ္မိေသးတယ္ ေခတ္သစ္ေက်ာက္ အေခြထြက္တုန္းက ေဘာ္ဒါေတြနဲ႔ သူ႔အိမ္ထိ သြားၿပီး လက္မွတ္ထိုးခိုင္းခဲ့တာအဆိုေတာ္ျဖစ္ၿပီး ပထမ ဦး ဆုံး ပြဲဆိုတဲ့အခါမွာ သူနဲ႔တစ္ပြဲတည္း ဆိုခြင့္ရတယ္ (ပုံထဲကပြဲ)ခင္ၿပီးေနာက္ပိုင္းမွာ အၿမဲတမ္း “ထြန္းေနာင္ဆင့္ ဘ႐ိုတီးက်ေနာ္ ဆိုမယ္… Coldplay ေလးဆြဲရေအာင္” အၿမဲသူ ေျပာခဲ့တယ္

အတူတူ ဂိမ္းေတြေဆာ့ ဂစ္တာတီး သီခ်င္းဆိုၾကတာ ေတြ ေရးထား တဲ့ သီခ်င္းေလးေတြ ဖလွယ္ၾကတာေတြအကုန္ မေန႔ကလိုပဲကြၽန္ေတာ္ Album လုပ္ေနတယ္လို႔ဆိုေတာ့ သူက သီးသန႔္ Jazz တစ္ပုဒ္ေရးေပးမယ္တဲ့ အဲ့ေနာက္ပိုင္းက်ေနာ့္ကိုေတြတိုင္း “ဘ႐ို Jazz မယ္ ေနာ္ Jazz Jazz” သူအၿမဲေျပာခဲ့တယ္

အခုေတာ့ က်ေနာ္ ပထမဦးဆုံး ဂီတာနဲ႔ ေလ့က်င့္ ခဲ့တဲ့ သီခ်င္းလို “စိတ္ေျဖာင့္ေျဖာင့္နဲ႔ ခ်န္ခဲ့ၿပီလား”က်ေနာ္အတြက္ Role Model ဆိုလည္း သူဟုတ္တယ္ Idol ဆိုလည္း သူဟုတ္တယ္ သူငယ္ခ်င္းဆိုလည္း သူဟုတ္တယ္ ညီအကိုဆိုလည္း သူဟုတ္တယ္အရင္က ကြၽန္ေတာ့္ေမြး ေန႔မွာ Surprise ေတာင္လာ လုပ္ေသးတာေလ ခုက်ေတာ့ ကြၽန္ေတာ္ေမြးတဲ့ လမွာ အားလုံးကို ခ်န္ခဲ့ၿပီလား သီခ်င္း အ သစ္ေတြ ေမွ်ာ္ေနၾက တာေလဗ်ာ….

ရင္ဘတ္ထဲကလာတဲ့ သီခ်င္းေတြ အတြက္ ေက်းဇူးအထူးပါကိုတြတ္ဘ႐ိုအရမ္းလိုခ်င္ခဲ့တဲ့ Democracy ကိုလည္း ကြၽန္ေတာ္တို႔ေတြ ရေအာ င္ ယူေပးပါမယ္ခုေတာ့ေကာင္းမြန္စြာ အိပ္စက္အနားယူပါ

May God Bless You Soul
RIP ကိုတြတ္
23.6.21

Leave a Reply

Your email address will not be published. Required fields are marked *