အဆင်မပြေမှု တွေ နဲ့ ရင်ဆိုင် နေရ တဲ့ ပြည်သူတွေ အတွက် အစားအသောက် များ သွားရောက်လှူဒါန်းခဲ့တဲ့ စူးရှထက်…..

Posted on

ပရိတ်သတ်ကြီးရေ…..စူးရှထက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ နဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ အတူရပ်တည်ခဲံသူတစ်ယောက်ဖြစ်ပါတယ်နော်.။နေ့တိုင်းလမ်းပေါ်ထွက်ပြီးလှုပ်ရှားမှုတွေပြုလုပ်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှု ပြုလုပ်နေတဲ့ သူရဲကောင်းတွေ အပြင် ညဘက်မှာ မိမိနေထိုင်ရာ ပတ်ဝန်းကျင် လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစားအသောက်များကိုယ်တိုင်ချက်ပြုတ်ကာ လှူဒါန်းခဲ့ပါတယ်။

အခုဆိုရင် ရက်တွေများစွာကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှာ းမှုကြီးဟာ အရင်လို ငြိမ်းချမ်းစွ ာမရှိတော့ဘဲ အပစ်အခတ်တွေ အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေဆုံးရှုံးရသလို ညဘက်တွေဆိုရင်လည်း အိုးအိမ်ပစ္စည်းဥစ္စာတွေ အဖျက်အဆီးခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေ များစွာနဲ့နေ့ရောညပါ နေထိုင်နေရတာပါ။ ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူမလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ် ပါတယ်။

ဒီလိုအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လက်လုပ်လက်စား မိသားစုတွေ ကို ပြည်သူတွေ ကော အနုပညာရှင်တွေက တတ်နိုင်သလောက်ထောက်ပံ့ကာလှူဒါန်းမှုတွေမျိုးစုံလုပ်ပေးနေတာလည်း ဝမ်းသာစွာ တွေ့ရပါတယ်။အခုလည်း စူးရှထက်က လက်လုပ်လက်စား အိမ်ခြေတစ်ရာကျော်ကို အစားအသောက်များစွာသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” ဒီနေ့အလှူလေးပါ လက်လုပ်လက်စားသမားလေးတွေပါ အိမ်ခြေတစ်ရာကျော်ရှိပါတယ် အခုလိုလာလှူပေးလို့ ထိုင်တောင်ကန်တော့ချင်တယ်တဲ့ နောက်ထပ်လာလှူမယ်လို့ ဂတိပေးထားခဲ့ပါတယ် စူးနဲ့ အတူလှူကြရအောင်နော် ပါဝင်ပေးကြပါအုံး”ဆိုတဲ့စာလေးကိုလည်းဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးရင်း မြန်မာပြည်ကြီး အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲံပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source & Photo : Zar Chi Facebook Account
Credit ; MMload

zawgyi

ပရိတ္သတ္ႀကီးေရ…..စူးရွထက္ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး အေျခအေနေတြ နဲ႔ ပတ္သက္ၿပီး ျပည္သူလူထုနဲ႔ အတူရပ္တည္ခဲံသူတစ္ေယာက္ျဖစ္ပါတယ္ေနာ္.။ေန႔တိုင္းလမ္းေပၚထြက္ၿပီးလႈပ္ရွားမႈေတြျပဳလုပ္ခဲ့တာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။ဒါ့အျပင္ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈ ျပဳလုပ္ေနတဲ့ သူရဲေကာင္းေတြ အျပင္ ညဘက္မွာ မိမိေနထိုင္ရာ ပတ္ဝန္းက်င္ လုံၿခဳံမႈအတြက္ ကင္းေစာင့္ေပးၾကတဲ့ ျပည္သူမ်ားကိုလည္း အစားအေသာက္မ်ားကိုယ္တိုင္ခ်က္ျပဳတ္ကာ လႉဒါန္းခဲ့ပါတယ္။

အခုဆိုရင္ ရက္ေတြမ်ားစြာၾကာေနၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွာ းမႈႀကီးဟာ အရင္လို ၿငိမ္းခ်မ္းစြ ာမရွိေတာ့ဘဲ အပစ္အခတ္ေတြ အတားအဆီးေတြေၾကာင့္ ျပည္သူေတြဟာ အသက္ေတြဆုံးရႈံးရသလို ညဘက္ေတြဆိုရင္လည္း အိုးအိမ္ပစၥည္းဥစၥာေတြ အဖ်က္အဆီးခံေနရတာေၾကာင့္ ျပည္သူေတြဟာ စိုးရိမ္မႈေတြ မ်ားစြာနဲ႔ေန႔ေရာညပါ ေနထိုင္ေနရတာပါ။ ခုလိုအေျခအေနမ်ိဳးႀကီးမွာ အလုပ္အကိုင္ေတြလည္း အလြယ္တကူမလုပ္ႏိုင္တာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ စားဝတ္ေနေရးအခက္အခဲေတြမ်ားစြာကိုႀကဳံေတြ႕ေနရတာလည္းျဖစ္ ပါတယ္။

ဒီလိုအဆင္မေျပမႈေတြနဲ႔ရင္ဆိုင္ေနရတဲ့ လက္လုပ္လက္စား မိသားစုေတြ ကို ျပည္သူေတြ ေကာ အႏုပညာရွင္ေတြက တတ္ႏိုင္သေလာက္ေထာက္ပံ့ကာလႉဒါန္းမႈေတြမ်ိဳးစုံလုပ္ေပးေနတာလည္း ဝမ္းသာစြာ ေတြ႕ရပါတယ္။အခုလည္း စူးရွထက္က လက္လုပ္လက္စား အိမ္ေျခတစ္ရာေက်ာ္ကို အစားအေသာက္မ်ားစြာသြားေရာက္လႉဒါန္းခဲ့တာျဖစ္ပါတယ္။ အလႉပုံေလးေတြနဲ႔အတူ ” ဒီေန႔အလႉေလးပါ လက္လုပ္လက္စားသမားေလးေတြပါ အိမ္ေျခတစ္ရာေက်ာ္ရွိပါတယ္ အခုလိုလာလႉေပးလို႔ ထိုင္ေတာင္ကန္ေတာ့ခ်င္တယ္တဲ့ ေနာက္ထပ္လာလႉမယ္လို႔ ဂတိေပးထားခဲ့ပါတယ္ စူးနဲ႔ အတူလႉၾကရေအာင္ေနာ္ ပါဝင္ေပးၾကပါအုံး”ဆိုတဲ့စာေလးကိုလည္းေဝမွ်ထားရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဝမွ်ေပးရင္း ျမန္မာျပည္ႀကီး ေအးခ်မ္းပါေစ ဆုေတာင္းေပးလိုက္ပါတယ္။ဖတ္ရႈေပးတဲံပရိတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။

Source & Photo : Zar Chi Facebook Account
Credit ; MMload

Leave a Reply

Your email address will not be published. Required fields are marked *