အစ်မ တစ်ယောက်လို ချစ်ခင် လေးစား ရတဲ့ အိန္ဒြာကျော်ဇင် အတွက် သတိတရနဲ့မွေးနေ့ ဆုတောင်းပေးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ နဲ့ ထိပ်တန်းကနေ ရပ်တည် လျှောက်လှမ်းနေတဲ့ အကယ်ဒမီမင်းသမီး ချောအိန္ဒြာကျော်ဇင်ကတော့ လတ်တလော မှာတော့ ပုဒ်မ ၅၀၅နဲ့ အရေးယူ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်..။

အိန္ဒြာကျော်ဇင်ကတော့ ခင်ပွန်း ဖြစ်သူပြေတီဦးနဲ့အတူ လူထု လှုပ်ရှားမှုတွေ တက်တက် ကြွကြွပြုလုပ်တာကြောင့် ထိန်းသိမ်းအရေးယူခံထားရတာဖြစ်ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဒီကနေ့မှာမွေးနေ့ ကျရောက်လာတဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး မိသားစုတွေနဲ့ဆုံဆည်းနိုင်စေဖို့အတွက် သတိတရနဲ့မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်..။

အစ်မတစ်ယောက်လိုချစ်ခင်လေးစားရတဲ့ အိန္ဒြာကျော်ဇင်အတွက် သူမရဲ့ဖေ့စ်ဘွတ် စာမျက်နှာကနေ သတိတရ မွေးနေ့ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်..။

“အရမ်းလေးစား အရမ်းချစ်ရတဲ့ ငါတို့ရဲ့ ထာဝရ

မင်းသမီး မအူဝဲ ❤️❤️

Happy Birthday ပါအစ်မ…

ခု မွေးနေ့မှစ အချုပ် အနှောင်တွေမှ အမြန်ဆုံး လွတ်မြောက် ပီး မိသားစု နဲ့အတူ ပျော်ရွှင်စွာ ပြန်ဆုံဆည်းပါစေ..” ဆိုပြီး ဆုတောင်းပေးထားတာပါ..။

အိန္ဒြာကျော်ဇင်အတွက် ပြည်သူပရိသတ်တွေအားလုံးကလည်း စိတ်မကောင်းဖြစ်နေကြပြီး မွေးနေ့ဆုတောင်းစကားတွေလည်း အသီးသီးပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Nhying Shin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *