အစ်ကို ဖြစ်သူ ရေမွန် ရဲ့ လိပ်ပြာလေးကို အေးချမ်းတဲ့ ဘုရားရိပ် တရားရိပ် မှာ သွားထားပေး ခဲ့တဲ့ လပြည့်ကဗျာ

Posted on

ထွက်သွားသူ နဲ့ ကျန်ရစ်သူ မှာ ထွက်သွားသူ ကသာ မသိပေမယ့် ကျန်ခဲ့တဲ့ မိသားစုတွေ ကတော့ ရင်ကွဲ မတတ်ပါပဲနော် ။ မျက်နှာမြင်ချစ်ခင်ပါစေ ဆုလေးကိုမတောင်းဘဲ ပြည့်ခဲ့တဲ့ အဆိုတော် ရေမွန်ကတော့ အားလုံးကို နှုတ်ဆက်ကာ ထွက်ခွာ သွားပေမယ့် သူ့ကို ချစ်ခင်နေကြတဲ့ သူတွေ အကုန်လုံးကတော့ ခုချိန်အထိ သတိရကာ ဝမ်းနည်းကြေကွဲကြနေ ဆဲပါ ။

ရေမွန်ညီမလေး ဖြစ်သူ လပြည့်ကဗျာ ဆိုလည်း အစ်ကိုဖြစ်သူကို အရမ်းချစ်လွန်းလို့ ဒီနေ့ထိ လွမ်းဆွတ်သတိရနေကြောင်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ ဖော်ပြထားတာတွေကို တွေ့ရပါတယ် ။ အစ်ကိုဖြစ်သူ အတွက်လည်း ကောင်းမှု ကုသိုလ် များစွာကို သေသေ ချာချာပြုလုပ်ပေးလျက်ရှိပါ တယ် ။

အခုလည်း ရေမွန်ရဲ့ လိပ်ပြာလေး ကို အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်လေးမှာ သွားရောက် ထားပေးခဲ့ကြောင်း ပုံလေးတွေနဲ့ အတူ ” မနေ့က ဘပီရဲ့လိပ်ပြာလေးကို ( သစ်ရွက်လေး) အေးချမ်းပီး အရိပ်ရတဲ့နေရာလေးမှာ သွားထား ခဲ့ပါတယ် ဘုရားရိပ် တရားရိပ်မို့ ဘပီပိုေ အးချမ်းပါစေနော် ” ဆိုတဲ့ စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဝေမျှပေးရင်း ရေမွန်တစ်ယောက် ကောင်းရာ ဘုံဘဝရောက်ပါစေ ဆုတောင်းပေး လိုက်ပါတယ် ။

Credit – Cele Zone

zawgyi




Credit – Cele Zone

Leave a Reply

Your email address will not be published. Required fields are marked *