အင်္ဂါဂြိုလ် လေ့လာရေး အာကာသခရီးကို ဦးဆောင်ပြီး သွားနေတဲ့ မြန်မာ အမျိုးသမီး အာကာသသိပ္ပံပညာရှင် ရဲ့ အာကသခရီးနှ

Posted on

မိမိ ရည်ရွယ်ချက်နဲ့ စူးစမ်းလေ့လာလို တဲ့ စိတ်ကူးတွေကို တီထွင်ဖန်တီးမှု တွေ၊ ကြိုးစားမှုတွေ နဲ့ အကောင်အထည် ဖော်နိုင်ခဲ့သူမြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင် ဒေါ်မီမီအောင် ကတော့ အင်္ဂါဂြိုဟ် ပေါ်မှာ သက်ရှိတွေ များ ရှိခဲ့လေ သလားဆို တဲ့ အထောက် အထားတွေ ရှာဖွေမယ့် အာကာသ လေ့လာရေးခရီးကို ဦးဆောင်ကာ အင်္ဂါဂြိုဟ် သို့ ထွက်ခွာသွားနိုင် ခဲ့ပြီဖြစ်ပါတယ်။

ဒေါ်မီမီအောင် ဦးဆောင် တဲ့ အာကာသ စူးစမ်း လေ့လာရေး စီမံကိန်း ခရီးစဥ် ကို အမေရိကန် နာဆာ အာကာသ စခန်းကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က စတင်ပြု လုပ်ခဲ့ပြီး အင်္ဂါဂြိုဟ် ပေါ် မှာ ပထမဆုံး ပျံသန်း လေ့လာစူးစမ်း မယ့် Ingenuity ရဟတ်ယာဉ်လေး ကို တင်ဆောင်ထား တဲ့ Perseverance ရိုဗာပါ တဲ့ ဒုံးပျံ ကို အာကာသထဲ လွှတ်တင် ခဲ့တာပါ။

ပျံသန်းလေ့လာရေးယာဥ် Ingenuity ရဟတ်ယာဉ် လေး ကို တီထွင် ဖန်တီးမှု ပြုလုပ်ခဲ့ တဲ့ အပြင် အရေးကြီး တဲ့ အာကာသစူးစမ်း လေ့လာရေး စီမံကိန်း ခရီးစဥ် ကြီးကို မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင် တစ်ယောက် ဦးဆောင်သွားနိုင်တယ် ဆိုတာ မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူဝမ်းမြောက်စရာ တစ်ခု ဖြစ်ပါတယ်။

ဒီအာကာသ ခရီးစဉ်ဟာ ကမ္ဘာမြေပေါ်မှ ထွက်ခွာသွားပြီး လမ်းခရီးသွားချိန် ၇ လ ကြာမြင့်မှာ ဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကျမှ ဂြိုဟ်ပေါ် သက်ဆင်းနိုင်မှာပါ ယခုဆိုလျှင် ၎င်း အာကာသယာဥ် လွှတ်တင်ခဲ့သည်မှာ အချိန်သုံးလလောက် ကြာ ရှိပြီ ဖြစ်တာကြောင့် ခရီးစဥ်ရဲ့ လမ်းတစ်ဝက်နီပါး ခရီးပေါက် ရောက်နေပြီ ဖြစ်ပါတယ်။

လေ့လာရေးအတွက် အာကာသ စူးစမ်းရေး ခရီးစဉ် စတင်လိုက် နိုင်တာ အောင်မြင်မှု လို့ ဆိုနိုင် ပေမဲ့ ဒေါ်မီမီအောင် ကတော့ ဒါက ပထမ အဆင့်ပဲ ရှိသေးပြီး ရှေ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ Ingenuity ရဟတ်ယာဉ်လေး အင်္ဂါဂြိုဟ်ပေါ် ကို ရောက်ပြီးတဲ့ နောက်ပိုင်း အမျိုးမျိုး စမ်းသပ်၊ စူးစမ်း လေ့လာမှုတွေ အားလုံး လုပ်နိုင်ပြီ ဆိုမှ အပြည့်အဝ အောင်ပွဲခံနိုင် လိမ့်မယ် လို့ ပြောပါ တယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *