အင်းစိန်ထောင် မှာ ရုံးထုတ် လိုက် တဲ့ ပိုင်တံခွန် ရဲ့ လက်ရှိအခြေအနေ ကို ပြောပြ လာခဲ့တဲ့ ပိုင်တံခွန် ရဲ့ ရှေ့နေ

Posted on

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ပိုင်တံခွန်ကရှေ့ဆုံးကနေပြည်သူလူထုနဲ့ အတူတက်ကြွစွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့်တရားစွဲ ခံရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ပြန်လာစဉ်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။

ဖမ်းဆီးခံရစဉ်ဘာ အဆက်အသွယ်မှမရရှိပဲ ယနေ့ဧပြီလ(၂၉)ရက်နေ့မှာတော့ အင်းစိန်ထောင်တွင်ရုံးထုတ်တယ်လို့ ပိုင်တံခွန်ရဲ့ရှေေ့နဆီကတစ်ဆင့်သိရပါတယ်နော်။နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅ (က)နဲ့ တရားစွဲဆိုခံရပြီးဧပြီလရ ရက်နေ့ကနေအိမ်မှာ ဖမ်းဆီးခံခဲ့ ရတဲ့မော်ဒယ်ပိုင်တံခွန်ကိုဒီနေ့ ဧပြီ ၂၉ရက်မှာ အင်းစိန်ထောင်တွင်း မြောက်ဒဂုံမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပြီးကျန်းမာရေးကောင်းမွန်တယ်လို့သူ့ရဲ့ရှေ့နေအဖွဲ့ထံကသိရပါတယ်။

ဧပြီ ၁၂ရက်နေ့က ပထမဆုံးရုံးထုတ်ခဲ့ပြီး မြောက်ဒဂုံ တရားရုံးမှာတရားစွဲဆို တင်ပို့ခဲ့တာဖြစ်ပြီးအမှုနဲ့ပတ်သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့အင်းစိန်ထောင်တွင်းမှာဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပိုင်တံခွန်ကိုမြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်က တရားလိုပြုလုပ်တရားစွဲထားတာဖြစ်ပါတကိုယ်ရော စိတ်ပါကျန်းမာပါတယ်။

ကျန်းမာရေးကလည်း တော်တော်လေးကောင်းမွန်ပါတယ်။ ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပါတယ်။ သူ့အမေကိုကျန်းမာရေးဂရုစိုက်ဖို့လို့မှာပါတယ်။ အပြင်မှာမလုပ်ဖြစ်ခဲ့တဲ့ဘုရားတရားအလုပ်တွေ ပိုလုပ်ဖြစ်တယ်။အချင်းချင်းတွေဖေးမကူညီစောင့်ရှောက်ကြတယ်။ အပြင်မှာ ထက်အတွင်းမှာပိုစည်းလုံးကြတယ်။ရှေ့မှာပိုကောင်းအောင် ဘာလုပ်မလဲကျကျနနတွေးမိတယ်။ဒါဟာဒီကာလမှာသူရတဲ့အမြတ်တွေပဲလို့လည်းပြောပါတယ်လို့သူ့ရှေ့နေအဖွဲ့ထဲကဥပဒေအကြံပေးဦးခင်မောင်မြင့်ကဘီဘီစီကိုပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာပိုင်တံခွန်ဘက်ကလိုက်ပါဆောင်ရွက်ဖို့ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို တရားရုံးမှာတင်ခဲ့ပြီးတရားရုံးကလည်း လက်ခံလိုက်တယ်လို့သိရပါတယ်။ အမှုသည်နဲ့လည်းရှေ့နေတွေစကားပြောဆိုခွင့် ရခဲ့ပြီးအမှုသည်ထံကညွှန်ကြားချက်ရယူခဲ့တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ ပိုင်တံခွန်အတွက်တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်မာဦးက လိုက်ပါဆောင်ရွက်မှာဖြစ်ပြီးမေ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

အဲဒီရုံးချိန်းမှာတော့ မှုခင်းစစ်ဆေးမှု အစီအစဉ် CMP ပြုလုပ်ပြီး အမှု ကို ရက်ပေါင်း ၁၇၀ အတွင်းအပြီးစစ်မယ်လို့ တရားသူကြီးက သတ်မှတ်ကြောင်းလည်း ဦးခင်မောင်မြင့်ကပြောပါတယ်။ပိုင်တံခွန်ဟာ လက်ရှိအင်းစိန်ထောင်တွင်းသရုပ်ဆောင်ရဲတိုက်၊မီးရထားဌာနနဲ့ လေကြောင်းဦးစီးဌာနက CDM လုပ်လို့ဖမ်းဆီးခံထားရတဲ့အရာရှိတွေ အပါအဝင်ဝန်ထမ်းတွေနဲ့ ကျောင်းသားခေါင်းဆောင်လေးဦးတို့နဲ့အတူတစ်ဆောင်တည်း နေထိုင်ရတယ်လို့သူ့ရှေ့နေကပြောပါတယ်။

Credit

celethatin

Leave a Reply

Your email address will not be published. Required fields are marked *