အင်အား မမျှပေမယ့် လည်း စိတ်လျှော့ သွေးအေးသွားစရာ အကြောင်းမရှိဘူးဆိုပြီး ပြည်သူတွေကို အားပေးစကားပြောလာတဲ့ နွယ်ဒါလီထွန်း

Posted on

အားပေးမှုပရိသတ်အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ အောင်မြင်စွာ ရပ်တည် လျှောက်လှမ်းနေတဲ့ သရုပ်ဆောင်မင်းသမီးချော နွယ်ဒါလီထွန်းကတော့ လူထုလှုပ်ရှားမှုတွေ ကို ဆက်တိုက်ဆိုသလို ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

နွယ်ဒါလီထွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့ ရပ်တည်နေပြီး လမ်းပေါ် ထွက်လှုပ် ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ ရဲရဲဝင့်ဝင့်နဲ့တစ်တပ်တစ်အား ပါဝင်အားဖြည့်နေတာဆိုလည်း မမှားပါဘူး..။

လှုပ်ရှားမှုတွေကို တက်ကြွစွာလုပ်ဆောင်တာတွေကြောင့် ၅၀၅-က ဖြင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ နွယ်ဒါလီထွန်းကတော့ ပြည်သူတွေ သွေးမအေးသွားစေဖို့ အားပေးစကားတွေ ပြောလာပါတယ်..။

အင်အားမမျှပေမယ့် လည်း ဘာအတွက်မှ စိတ်လျှော့သွေးအေးသွားစရာအကြောင်း မရှိသလို စိတ်လျော့လိုက်စရာအကြောင်းလည်း လုံးဝမရှိဘူးဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူတွေကို အားပေးစကားပြောလာတာ ဖြစ်ပါတယ်..။

“လူအင်အား၊ လက်နက်အင်အားမမျှလို့ ရှုံးရကြေး၊ စိတ်လျှော့လိုက်ရကြေးဆို ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးတောင် ရအောင်ယူပေးနိုင်ခဲ့မှာတောင် မဟုတ်ဘူး ဘာအတွက်မှ စိတ်လျှော့လိုက်စရာအကြောင်းမရှိ သွေးအေးစရာလုံးဝကို မရှိနော်

ဒီအဆုံးသတ်တိုက်ပွဲ ငါတို့အားလုံးပါဝင်ဆင်နွှဲရမည် ✊🏻✊🏻✊🏻..” ဆိုပြီး အားပေး စကားပြောထားပဲ ဖြစ်ပါတယ်..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အစစအရာရာဂရုစိုက်ဖို့ မှာထား ကြပြီး အရေးတော်ပုံအောင်ဖို့အတွက် အားလုံးစည်းလုံးစွာ ဝိုင်းဝန်းကြိုးစားကြမယ့်အကြောင်းတွေကိုလည်း Comment တွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Nwe Darli Tun’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *